""ရှင် သူ့အနားကိုတကယ်သွားခဲ့တာလား မိုးရိပ်""
""အင်း!""
စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ထားပြီး ခြေချိတ်လျက်ထိုင်နေရင်းမှ ခေါင်းငြိမ့်ကာအေးစက်စက်ဖြေလာသည့် သူ...။တကယ်ပဲ သူဘာတွေလုပ်ဖို့စဥ်းစားနေမှန်းချစ်ကြိုးမသိတော့ပေ။ပထမစဥ်းစားခဲ့တာက လက်ရှိအချိန်မှာသူ့ကိုခဏရှောင်ခိုင်းထားလိုက်မည်။နောင်တစ်ချိန်မှာ အသုံးဝင်တဲ့နေရာရှိလာရင် လျှို့ဝှက်တဲ့ဝှက်ဖဲတစ်ချပ်အဖြစ်ဆုပ်ကိုင်ထားမည်။ဒီလောက်ပါပင်။ အခုသူကချစ်ကြိုးရဲ့planထက်ဘောင်ကျော်တဲ့လုပ်ရပ်ကို လုပ်ဖို့စဥ်းစားနေသည်လား?တကယ်ပဲ ဒီလူဟာထိန်းချုပ်ဖို့ခက်လိုက်တာ။
""အချစ်က ဘယ်လိုသိတာလဲ""
""သူမေမေ့ကိုပြောပြလို့ ပြန်သိရတာ
ရှင်ဘာတွေစဥ်းစားနေတာလဲ မိုးရိပ်၊အခုချိန်မှာ ရှောင်နေပါလို့ ကျမအတန်တန်မှာထားလျက်နဲ့""""ရှူး! အသံမကျယ်နဲ့ချစ်ကြိုး
ကိုယ့်အခြေအနေကို နည်းနည်းထည့်တွက်ဦး"""'Sorry""
သည်လိုပြောမှ ချစ်ကြိုးလေသံကိုအနည်းငယ်ပြန်လျှော့လိုက်ရသည်။လျှို့ဝှက်တဲ့နေရာတစ်ခုမှာ တရားခံပြေးတစ်ယောက်နဲ့အတူရှိနေသည့် ကိုယ့်ကိုကိုယ်လည်း ထည့်တွက်စဥ်းစားရမည်မဟုတ်လား။
""ရှင်ဘာလုပ်ဖို့စဥ်းစားနေတာလဲ
ဘာလိုချင်လို့လဲ""""ငွေ! သူ့ကိုသာတိတ်တိတ်ဆိတ်ဆိတ်ခေါ်သွားပြီးဝှက်ထားလိုက်ရင် CEOဆီက လိုသလောက်တောင်းလို့ရနိုင်မှာပဲလေ""
""ရှင်လိုသလောက် ကျမပေးနေတာပဲ
ကျမရဲ့လူဖြစ်ပေးမယ်ပြောပြီး ဒီလိုလုပ်ဖို့ကြိုးစားတာဘာသဘောလဲ""""မင်းမျက်နှာကိုငဲ့ပြီး ကိုယ်ပြန်လှည့်လာတာပဲလေ
မင်းညီမကိုအန္တရာယ်ပေးခဲ့လို့လား""""ဒါပေမဲ့ သူရှင့်ကိုမြင်သွားတယ်""
""ကိစ္စမရှိပါဘူး
ကိုယ့်ကိုသူတို့ရှာမတွေ့နိုင်ဘူး...မနက်ဖြန်ကိုယ်တကယ်နေရာရွှေ့တော့မယ်""""အင်း! ဂရုစိုက်
ဒီမှာ ရှင့်အတွက်""ပြောပြီးသည်နှင့်သူ့လက်ထဲရောက်လာသည့် ငွေတွေဟာမနည်းမနောမို့ မိုးရိပ်မျက်လုံးတွေအရောင်လက်သွားရကာ...
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...