Part 64

5.5K 93 2
                                    

""အင်း! ဟင်း!
ချမ်းလိုက်တာ""

နှုတ်ဖျားထက်မှ ခပ်တိုးတိုးလေးညည်းညူရင်း မျက်လုံးမဖွင့်ဘဲ နံဘေးကိုလက်စမ်းကြည့်မိတော့ အိစက်စက်အထိအတွေ့ကိုခံစားရသည်။ပတ်ဝန်းကျင်၌လွှမ်းခြုံနေသော ခပ်စိမ့်စိမ့်အအေးဓာတ်ကြောင့် မပွင့်တပွင့်မျက်ဝန်းတို့ကိုအားယူဖွင့်၍ အကဲခတ်ကြည့်တော့ ခုတင်ဘေးမှာပုံလျက်သားပြုတ်ကျနေသည့် ဂွမ်းစောင်ကြီးက ရှင်ရှင်နဲ့တစ်နေရာစီ။

စောင်...၊ငါ့ရဲ့စောင်...။
ပြီးတော့ ဒါငါ့အခန်းကခုတင်ပေါ်မှာ...

အလန့်တကြားအတွေးနဲ့အတူ မျက်လုံးလေးကလည်းပြူးကျယ်ဝိုင်းစက်သွားရချေပြီ။ကမန်းကတန်းဖြင့် ကုန်းရုန်းထကာ အချိန်ကိုကြည့်တော့ မနက်(၁၀)နာရီ။ရှင်ရှင့်အတွေးထဲနောက်ဆုံးရှိခဲ့တဲ့အချိန်က ည(၇)နာရီလောက်ပဲရှိသေးတာပါ။အခုကဘယ်လိုလုပ်ပြီး မနက်၁၀နာရီလဲ?ကျန်တဲ့အချိန်တွေဘယ်ရောက်သွားတာလဲ?ရှင်ရှင်ကဘယ်လိုလုပ်ပြီးအိမ်ကိုပြန်ရောက်နေတာလဲ?

""အ! ကျစ်!
ခေါင်းကိုက်လိုက်တာ""

အတွေးတွေများလာလေတော့ ခေါင်းကဆိုးဆိုးရွားရွားကိုက်ခဲလာသည်။ချမ်းကလည်းချမ်းနေသည်မို့ မျက်နှာလေးကရှုံ့မဲ့လာရကာ အေးစက်နေသည့်လက်လေးတွေကိုခပ်တင်းတင်းပိုက်ထားလိုက်မိ၏။

""ကိုကို!""

မဝံ့မရဲလေးခေါ်ကြည့်မိပေမယ့် အနီးအနားမှာသူရှိမည်တော့မထင်ပါ။ဒီလောက်နောက်ကျနေမှဖြင့် အလုပ်သွားလောက်ပြီပေါ့။ကောင်းပါတယ်လေ...မဟုတ်ရင်မနေ့ကကိစ္စကြောင့်အဆူခံရဦးမှာ အသေအချာပဲမဟုတ်လား?

""ဒါနဲ့ ညကငါဘယ်လိုလုပ်အိမ်ရောက်လာတာလဲ...သူငယ်ချင်းတွေပဲပြန်လိုက်ပို့သွားတာလား?အဟမ့်! ဘာလို့ဘာမှမသိရတော့တာပါလိမ့်နော်...ဒုက္ခရေ!!ငါဘာတွေလုပ်မိတာလဲ...ကိုကိုနဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မှာလဲ...အခု""

""....""

""အဟင့်!""

""ကျွီ!""

တစ်ယောက်တည်းဒုက္ခတွေ တ,နေမိစဥ် အခန်းရဲ့တံခါးကလှပ်ခနဲပွင့်သွားလေ၏။ထို့နောက် မျက်နှာချင်းဆိုင်ရမှာကြောက်နေမိပါသော သူကအခန်းဝ၌ ပေါ်လာသည်မို့ ရှင်ရှင်မျက်လုံးလေးပြူးသွားမိကာ...

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now