Part 31

11.3K 163 0
                                        

ဖျတ်ခနဲမျက်လုံးတွေပွင့်လာသည်နှင့် ရင်ခွင်ထဲမှေးစက်အိပ်မောကျနေသော ချစ်စဖွယ်မျက်နှာလေးကို အရင်ဆုံးမြင်လိုက်ရ၍ ကြည်ကြည်နူးနူးပြုံးမိသည်။ အလို!သိပ်ကို သာယာလှပလိုက်တဲ့ နိုးထခြင်းပါလား။ဒါဟာ သူ့စိတ်ကူးတွေနဲ့အကြိမ်ကြိမ် ရူးခဲ့ဖူးသော မနက်ခင်းလေးပေါ့။ မိုးလင်းလို့ မျက်လုံးတွေဖွင့်လိုက်တိုင်း အသည်းအသက်လေးရဲ့မျက်နှာကို အရင်ဆုံးမြင်ခွင့်ရချင်ခဲ့တာလေ။အခုတော့ မျှော်လင့်ခဲ့ရသော တစ်မနက်ခင်းလေးဟာ မျက်စိရှေ့မှာလက်တွေ့ ။

!ဟောဒီ့အဆိုးမလေးကလည်း ကိုကို့ကိုအရမ်းချစ်တယ်၊သိပ် သိပ် သိပ်ကိုချစ်တယ်!

""အဟွန်း!""

ပျားရည်လိုချိုမြိန်သောစကားသံလေးအား ပြန်ကြားယောင်မိစဥ် သူ့နှုတ်ခမ်းဖျား၌ အပြုံးတို့က မရပ်တန့်နိုင်ခဲ့။ ကြည်နူးခြင်းပီတိအဟုန်ကလည်း နှလုံးသားမှာ လှိုင်းထန်နေဆဲမို့ ရင်ခွင်ထဲအပ်ထားသည့်မျက်နှာသေးသေးလေးထံ အသည်းယားစွာ ငုံ့ကြည့်ရင်းမှ နဖူးလေးကိုဖွဖွနမ်းလိုက်မိပြန်၏။ လွန်ခဲ့သောနာရီပိုင်းလေးကတင် ချစ်ခြင်းကြောင့် အနမ်းရှိန်သင့်ခဲ့သောနှုတ်ခမ်းလွှာလေးတွေမှာတော့ သွေးခြည်ဥကာ အနည်းငယ်ဖူးယောင်၍ ထူအမ်းအမ်းလေးဖြစ်နေတာမို့ သူ့မှာထပ်ပြီးတောင်မနမ်းရက်နိုင်ပေ။ ဖြူဝင်းသည့်လည်တိုင်နုနုလေးအပါအဝင် ရင်ညွန့်နဲ့ပခုံးသားလေးတွေမှာလည်း အနီရောင်markingရာလေးတွေအပြည့်။ သို့နှင့်ကိုယ်ပေါ်ကအနည်းငယ်လျော့ကျနေသော စောင်လေးအား လည်ပင်းနားအထိကပ်အောင်ဆွဲခြုံပေးလိုက်စဥ် ငြိမ်သက်နေသည့်ခန္ဓာကိုယ်လေး တစ်ချက်လူးလွန့်သွားလေ၏။

""ကိုကို""

မျက်လုံးကမဖွင့်နိုင်ခင် လူကိုအရင်ဆုံးခေါ်နေပုံလေးက ချစ်စဖွယ်။ခေါ်ပြီးတော့လည်း ဘာမှမပြောဘဲ ပြန်လည်ငြိမ်သက်သွားကာ ခဏကြာမှ...

""အဟင့်!ကိုကို""

""ဗျာ! ကိုကိုဒီမှာရှိပါတယ် ကလေးရဲ့""

""ကိုကို့ကိုချစ်တယ်နော်
အများကြီးချစ်တယ်""

တကယ်ပဲ ဒီကောင်မလေးကြောင့်ရူးတော့မည်။မပြောဘူးဆိုတုန်းကလည်း လုံးဝကိုမပြောခဲ့တဲ့စကား...၊အခုပြောပြန်တော့လည်း အိပ်ရာကမနိုးဘဲနဲ့တောင် အိပ်မက်ယောင်ရင်း ပြောနေလေရဲ့။ ကဲ! ဒါဘယ်လိုတောင် အသည်းယားဖွယ်ကောင်းတဲ့ဟာလေးလဲ?

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Où les histoires vivent. Découvrez maintenant