"တိတ်ပါ သမီးလေးရယ်
ကိုယ်ဝန်ဆောင်မိခင်ဆိုတာ ဒီလိုမျိုးမျက်ရည်တွေမကျရဘူး၊ အဲ့ဒါကလေးလေးအတွက်မကောင်းဘူး""""ဒါပေမဲ့ သမီးစိတ်ထဲဝမ်းနည်းနေတာကိုး မေမေရဲ့""
""အဟင်း! ငါ့သမီးလေးက နဂိုကတည်းကအချွဲသန်လေးဖြစ်ရတဲ့အထဲ ကလေးအမေဖြစ်ခါနီးမှပိုချွဲတတ်လာပါလား""
""ဟင့်!""
နဖူးလေးထက်ဖွဖွနမ်းကာ ကျောပြင်လေးကိုပွတ်သပ်ပေးရင်း အငိုတိတ်အောင်အမျိုးမျိုးချော့သော်လည်းမရပါ။ဆရာဝန်ပြောလိုက်တဲ့စကားတွေကြောင့် ဝမ်းနည်းလာပြီး သူ့ကိုယ်သူလည်းစိတ်ပျက်တယ်လို့တွင်တွင်ပြောရင်း ရောက်ကတည်းက မိခင်ရင်ခွင်ထဲတိုးဖက်ကာ တအီအီငိုနေလေရဲ့။
""ဘာမှစိတ်မပူပါနဲ့သမီးရယ်
ကျန်းမာရေးကိုသာဂရုစိုက်...မေမေတို့မြေးလေးကိုသမီးကျန်းကျန်းမာမာနဲ့မွေးနိုင်မှာပါ""""သမီးမကျန်းမာလည်းနေပါစေတော့
ကလေးလေးကိုပဲအန္တရာယ်ကင်းကင်းနဲ့လူ့လောကထဲရောက်လာစေချင်တယ်၊ သူ့ကိုပြောမိတဲ့စကားအတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်သိလားမေမေ...သမီးကတကယ်အသုံးမကျတဲ့မိန်းမပဲ""""မဟုတ်တာ သမီးရယ်
အဲ့ဒီ့အတွက်ကြောင့်နဲ့ ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့၊ အခုသမီးကပိုပြီးဂရုစိုက်ပေးရင်ရပြီလေနော်...စိတ်မကောင်းစရာတွေမတွေးနဲ့""""သမီးမေမေ့ဗိုက်ထဲမှာရှိတုန်းကရော ဘယ်လိုနေလဲဟင်?သမီးက ဗိုက်ထဲမှာကတည်းကဆိုးတာလား""
မေးခွန်းနဲ့အတူ တစ်စုံတစ်ရာသောအဖြေကိုရှာဖွေမျှော်လင့်ရင်းမော့ကြည့်လာသည့် မျက်လုံးဝိုင်းလေးကြောင့် ဒေါ်သက်ထားခမျာရုတ်တရက်ဆွံ့အသွားရသည်။ဗိုက်ထဲမှာရှိတုန်းကတဲ့! ဒီမေးခွန်းကို မေမေဘယ်လိုဖြေရပါ့မလဲ သမီးရယ်...။
""မေမေ...မေမေလို့
သမီးမေးတာဖြေဦးလေ""""အင်း...ဟိုဟာ...သမီးလေးမေမေ့ဗိုက်ထဲမှာရှိတုန်းကအရမ်းလိမ္မာတာပါကွယ်၊ဘယ်ကသာဆိုးရမှာလဲ""
""တကယ်ဟုတ်လို့လား
သေချာစဥ်းစားကြည့်တော့ သမီးမွေးကင်းစတုန်းကအကြောင်းတွေမေမေမပြောဖူးသလိုပဲနော်""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...