Part 82.1

539 65 2
                                    


Ch 82

Part 1

အခန်းငယ်လေးထဲမှာ မီးရောင်ကမှိန်ပြပြလင်းနေပြီး အခန်းပြင်မှာတော့ အင်မတန်တိတ်ဆိတ်လျက်ရှိတယ်။ ကျန်းလီနဲ့ယဲ့ရှီကျယ်တို့က မျက်နှာချင်းဆိုင်ထိုင်နေကြပြီး သူမလက်ထဲဓားတိုကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်တယ်။ အဲလိုဆိုပေမယ့်လည်း ယဲ့ရှီကျယ်ရဲ့အကြည့်တွေက စားပွဲပေါ်က ဓားဆီကိုပဲ ကျောက်ချထားပြီး သူ့ခမျာ အတော်လေး ယုံရခက်နေပုံပဲ။ နောက်ဆုံးတော့ သူအကြည့်တွေကို ကျန်းလီဆီပြန်ပို့လိုက်ပြီး မေးလိုက်တော့တယ်။

"နန်းတော်ထဲ ဓားတောင်ယူလာတယ် ဟုတ်လား?"

ကျန်းလီက ဒါကိုသူ့ကိုရှင်းပြဖို့ အချိန်မရှိတဲ့အတွက် သူကအမေးနဲ့ပြန်တုံ့ပြန်လိုက်တယ်။

"ဘာလို့ မမူးနေတာလဲ?"

လူငယ်လေးက နှာမှုတ်ကာပြောတယ်။ "ငါက ငါတို့ယဲ့မိသားစု စီးပွားရေးလုပ်တုန်းက လူပေါင်းစုံနဲ့တွေ့ခဲ့ရတာ ဒီနေ့ဂုဏ်ပြုဖို့လာတဲ့ လူတွေထဲမှာ တချို့က တကယ်ဂုဏ်ပြုဖို့ဆိုပေမယ့် ကျန်တစ်ဝက်က ရေနောက်တုန်း ငါးနှိုက်လုပ်ချင်ကြတာ ငါကအဲ့လောက်လည်း သိပ်မသောက်ခဲ့ပါဘူး ဒီအတိုင်းသူတို့တွေရဲ့ရည်ရွယ်ချက်ကို သိချင်လို့ မူးချင်ဟန်ဆောင်လိုက်တာ ထင်မထားတာက တကယ်ကြီးနောက်ကွယ်မှာ ကြံစည်ထားတာရှိနေတာကိုး ဒီအခန်းထဲခေါ်လာတဲ့အထိ သူတို့ဘာကြံထားလဲ ငါစဥ်းစားလို့မရသေးဘူး ပြီးတော့ မင်းကိုလည်း ဒီမှာရှိလိမ့်မယ်လို့ မထင်ထားဘူး"

သူကမျက်မှောင်ကြုံ့လိုက်ပြီး နောက်ဆုံး မအူမလည်နဲ့ မေးလာတယ်။ "သူတို့ဘာလို့ ဒီလိုလုပ်ရတာလဲ?"

ကျန်းလီက သူ့ရှေ့က အင်ပါယာကျောင်းတော်မှာ ပထမအဆင့်ရတဲ့ ရွှေဉာဏ်တော်ကိုယ်လူချောကို ဒေါသထွက်လွန်းလို့ ရိုက်ပစ်ချင်သွားပေမယ့် တစ်ချိန်တည်းမှာပဲ ရယ်လည်းရယ်ချင်သွားတယ်။ တုံးအ တယ်ရယ်လည်း မဟုတ်တဲ့ဒီလူက အနည်းဆုံးတော့ သူ့ဘေးကလူယုတ်မာတွေကို အရိပ်အခြည်တော့ကြည့်တတ်ပါသေးတယ်လေ...။ဒါပေမယ့် ဉာဏ်ကောင်းတယ်လို့ဆိုဖို့ကျတော့လည်း ဒီအခြေအနေထိရောက်နေတာတောင် တစ်ဖက်လူကဘာကြံစည်ထားမှန်းမသိတာကတော့ သူ့ထက်မြက်တဲ့ဦးနှောက်က ချောင်ရောက်သွားတယ် ထင်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now