သူ့မှတ်ဉာဏ်တွေအားလုံးပြန်ရောက်လာပြီးတော့ ကျောက်တုံးမဲနဲ့ တည်ဆောက်ထားတဲ့ တံတားကို ပြန်လှမ်းကြည့်လိုက်တယ်။ဘယ်နှစ်ကြိမ်လောက် တံတားပေါ်ဖြတ်လျှောက်ခဲ့လဲဆိုတာ သူမမှတ်မိဘူး။အကြိမ်၁ထောင်ဖြစ်ရင်ဖြစ်နိုင်လောက်တယ် အနည်းဆုံးတော့ ရာကျော်မယ်ထင်တယ်။ဘဝ ၁ခုပြီးသွားတိုင်း ဒီတံတားပေါ်ဖြတ်လျှောက်ပြီးနောက် သူအကုန်လုံးကိုပြန်မှတ်မိလာတယ်။
(နံမည်တွေကိုတော့ eng လိုပြန်ပေးထားတယ် အသံထွက်မှားမှာ ဆိုးလို့ပါ)"အရှင်"
မြူခိုးတွေထဲမှ အနက်ရောင်ဝတ်ရုံနဲ့လူပေါ်လာပြီး jing yang ကို လေးစားစွာ အရိုအသေပြုကာ ပြောလိုက်တယ်။
"Hades" jing yang သူ့ခေါင်းကိုလှည့်ကာ ထိုလူကိုကြည့်လိုက်တယ်။ "မင်း ငါလာတိုင်းကြိုရတာ အလုပ်ရှုပ်စေရပြီ။ ငါတို့ ဘယ်နှစ်ကြိမ်လောက်တွေ့နေရတာလဲ?"
(Hades ဆိုတာ မြန်မာလိုပြောရမယ်ဆို ယမမင်းပေါ့)"ဒီ၁ကြိမ်နဲ့ဆို ၁၃၆၅ကြိမ်မြောက် လာကြိုရတာပါ အရှင် ကျေးဇူးပြုပြီး ကျွန်တော့် နန်းတော်မှာ ခဏနားဖို့လိုက်ခဲ့ပါ အရှင်" Hades က စကားပြောပြီးတာနဲ့ ဦးဆောင်ခေါ်သွားသည်။
jing yang ဆိုတဲ့နံမည်ကလွဲလို့ သူဘယ်သူလဲဆိုတာ မမှတ်မိတော့ပေ။မြေအောက်လောကရဲ့ ဘုရင် Hades ကတောင် သူ့ကိုရိုရိုသေသေ ဆက်ဆံပုံရရင် သူသာမန်လူမဟုတ်ဘူးထင်တယ်။Hades ရဲ့နန်းတော် ဒီနေရာက သူ ဘဝ၁ခုပြီးတိုင်းနောက်ဘဝ၁ခုမကူးခင် ခဏအနားယူတဲ့နေရာဖြစ်တယ်။
ကမ္ဘာ၁ခုပြီး၁ခု ဝင်စားနေရတာ သူ ငြီးငွေ့နေပြီ။သူကိုယ်သူ အဆုံးသတ်ပစ်ချင်နေပြီ။Hades က နောက်ဘဝ၁ခု ဝင်စားဖို့မေးတဲ့အခါ သူဝင်စားဖို့ ငြင်းပယ်ပြီး သူ့ဝိညာဉ်ကို ဘယ်လို ဖျက်စီးရမလဲ ဆိုတာ မေးလိုက်သည်။
"အရှင်က ဝိညာဉ်ကို ဖျက်စီးမယ်?" Hades က တုန်လှုပ်စွာမေးလိုက်သည်။
"ငါလုံးဝငြီးငွေ့နေပြီ ထပ်ပြီးမဝင်စားချင်တော့ဘူး" jing yang ကပြောသည်။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...