5.11

13.2K 1.7K 121
                                    

( ကိုယ်ပြန်လာပြီ။ မနက်ပိုင်း စာမေးပွဲပြီးလို့် ည ချက်ချင်းတင်ပေးတာနော်။)

Smoke squad အသင်းရောက်လာတော့ Easy nobility နဲ့ Dark flame က တစ်ကိုယ်လုံး သွေးတွေထွက်နေပြီး အသက်မျှင်းမျှင်းသာ ရှူတော့သည်။ Easy nobility ရဲ့ မျက်နှာက အသားပိုင်းကြီးလို စုတ်ပြတ်နေပြီး မူလရုပ်ကိုတောင် မပြောနိုင်တော့ဘူး။ အသင်းသားတွေက ကြောက်လန့်နေကြပြီး ချက်ချင်းပဲ လက်တုံ့ပြန်ရင်ကောင်းမလား သူတို့လူကို ခေါ်ပြီး ပြေးရင်ကောင်းမလား တွေးနေကြသည်။

အဲ့ချိန်မှာ A team သားတွေ ရောက်လာပြီး Goose over က ပြောသည်။ '' Boss ဒီလောက်တောင် ပွဲကောင်းနေတာ စောစောကတည်းက ဘာလို့ မခေါ်တာလဲ။''
" ဒီလူတွေကိုပါ ဟို၂ယောက်နဲ့ အတူ မြေကြီးပေါ် လှဲသိပ်ပေးလိုက်ရမလား။'' Solid က လက်တွေပြင်ပြီး ချဖို့ အဆင်သင့်လုပ်နေသည်။

" လွှတ်ပေးလိုက်ပါ။ '' jing yang ပြောသည်။

Qi feng က jing yang ကို လှည့်ကြည့်သည်။ jing yang ကို ဒီလူတွေ ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ သိတာကြောင့် Qi feng တစ်ယောက် jing yang အတွက် ဘယ်လိုလက်စားချေရမလဲဆိုတာ စဉ်းစားနေတာ ဖြစ်သည်။ အခု သူတို့ဘာသာ ကျားပါးစပ်ထဲ ရောက်နေပြီ သူတို့ကို သင်ခန်းစာပေးဖို့ အခွင့်ရေးကောင်းပဲ ဘာလို့လွှတ်ပေးရမှာလဲ။

" လွှတ်ပေးလိုက်ပါ။ အသက်ရှင်နေရင် ပိုခံစားရမှာ သေသွားရင် အားလုံးပြီးသွားလိမ့်မယ်။'' jing yang ကပြောသည်။ သူ့တွေးထားတာက ဂိမ်းထဲကလူတွေ အားလုံးကို ကယ်မှာဆိုတော့ ဒီလူတွေကို အခုသတ်လိုက်ရင် အပြင်ကမ္ဘာမှာ အသက်ရှင်နေလိမ့်မယ်။ အခုတော့ ဒီတိုင်းပဲ ထားလိုက်တော့မယ်။ နောက်မှ သူတို့ကို နှိပ်စက်မယ်။ Ding Nuoyang အတွက် လက်စားချေပြီးတဲ့ အထိပေါ့။
Qi feng က Goose over ကို ကြည့်လိုက်သည်။ Goose over က သဘောပေါက်ပြီး '' မင်းတို့ ဒီကနေ ထွက်သွားဖို့ ငါးစက္ကန့်ပေးမယ်။ မဟုတ်ရင် ဂိမ်းကနေပါ အပြီးတိုင်ဖျောက်လိုက်မယ်။"

Smoke squad အသင်းက မတုန့်ဆိုင်းပဲ Dark flame နဲ့ Easy nobility ကို မကာ ထွက်သွားကြသည်။

" အခု ဒါကို ဖြေရှင်းရအောင်။" jing yang က မြေကြီးပေါ်မှာ ထိုင်နေတဲ့ မြွေမိစ္ဆာကို ကြည့်ကာ ပြောလိုက်သည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now