6.7

11.1K 1.5K 16
                                    

သူတို့နဲ့ ညှိနှိုင်းမယ့်သူက နတ်ဆိုးဘက်က အကြီးအကဲဖြစ်သည်။ သူ့လက်ထဲမှာ အရိုးတောင်ဝှေးကြီးကိုင်ထားပြီး သူ့ရဲ့မှေးကျဉ်းတဲ့ အနက်ရောင်မျက်လုံးက လူတွေအားလုံးကို ဝေ့ကြည့်ပြီး Orede ဆီမှာရပ်သွားသည်။ '' မင်းသားကြီးရဲ့ နတ်ဆိုးမှော်တွေ ရှင်းလင်းသွားပြီဆိုတာ ငါမယုံခဲ့ဘူး။ အခုတော့ ငါတစ်ဝက်ယုံသွားပြီ။''

" ခင်ဗျားယုံယုံ မယုံယုံ ငါနဲ့ မဆိုင်ဘူး။ အဓိကအကြောင်းအရာကို ပြောရအောင်။'' Orede က ဒီနတ်ဆိုးအကြီးအကဲအကြောင်း စစ်ပွဲမှာကတည်းက သိခဲ့ပြီး ကိုင်တွယ်ဖို့ခက်မယ်ဆိုတာ သိသည်။

နတ်ဆိုးအကြီးအကဲက ထူးဆန်းပြီး မသာယာတဲ့အသံနဲ့ ရီလိုက်ပြီး '' မင်းသားကြီးက မပြောင်းလဲသေးဘူး။ မင်းသား၂ယောက်လုံး လိုက်လာတာဆိုတော့ ဘယ်သူက ဆုံးဖြတ်ချက်ချမှာလဲ။''

နတ်ဆိုးအကြီးအကဲက အရင်စပြီး မင်းသား၂ယောက် ဆက်ဆံရေးကို ရန်စလိုက်သည်။ Louis ရဲ့ အမူအရာက ပြောင်းသွားသည်။ နတ်ဆိုးအကြီးအကဲပြောတာကို သူနားလည်သည်။ Orede ရှိနေသေးသရွေ့ ဒုတိယမင်းသား သူက စကားတစ်ခွန်းမှ ဟလို့မရပေ။

Orede ကတော့ နတ်ဆိုးအကြီအကဲရဲ့ စကားကို ဂရုမစိုက်ပေ။ '' ဘယ်သူက အာဏာရှိလဲဆိုတာ ခင်ဗျားသိပါတယ်။ ဘာလို့ စကားတွေ လာရှုပ်နေတာလဲ။ ခင်ဗျားနဲ့ အရင်က စာချုပ်ချုပ်ခဲ့တဲ့သူတွေ ခင်ဗျားနဲ့ ဆွေးနွေးမယ့်သူတွေ ပါလာပြီလေ။ ငါတို့မြို့တွေကို ခင်းဗျားတို့နတ်ဆိုးတွေ ဘယ်အချိန်ထွက်သွားမလဲဆိုတာ ပြောပါ။''

နတ်ဆိုးအကြီးအကဲ မျက်နှာပေါ်က အပြုံပျောက်သွားသည်။ '' ငါတို့ရဲ့ စစ်သရဲကြီးကို မင်းတို့သတ်လိုက်တာလေ။ ဒီတော့ ဒီမြို့၃မြို့ကို ငါတို့ ယူသင့်တယ် မဟုတ်ဘူးလား။''

" မင်းတို့ စစ်သရဲကြီးက ငါတို့ မြို့၃မြို့နဲ့ နှိုင်းယှဉ်လို့မရဘူး။ ဒီ၅နှစ်အတွင်းမှာလည်း မင်းတို့နတ်ဆိုးတွေက လူသားတွေကို ဒုက္ခပေးတာလည်း မလျော့သွားဘူး။ သေသေချာချာ တွက်ချက်ကြည့်မယ်ဆိုရင် ငါတို့မြို့၃မြို့က စစ်သရဲကြီး ၁၀ကောင်နဲ့တောင် မတန်ဘူး။'' Orede ကလည်း လုံးဝအလျော့မပေးပေ။ နှလုံးရည်နဲ့ လက်ရုံးကည်မှာ သူ့ကိုနိုင်တဲ့သူမပေါ်သေးဘူး။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now