7.1 စူပါမော်ဒယ်ပြိုင်ပွဲ

12.9K 1.2K 11
                                    

Jing yang နိုးလာတော့ အားနည်းနေသလိုခံစားရပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း နာနေသည်။ ကြည့်ရတာ တစ်ညလုံး ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေလို့နေမှာ မဟုတ်ရင် ခန္ဓာကိုယ်က ကိုက်ခဲနေမှာ မဟုတ်ဘူး။

ကြမ်းပြင်ပေါ်ကနေ ကုန်းထပြီး ထိုင်လိုက်သည်။ ခြေထောက်တွေကို ဆန့်ပြီး ခေါင်းကို နိုပ်နယ်နေကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူကြောင်သွားသည်။ သူ့ခြေထောက်က ရှည်လျားပြီးဖြောင့်စင်းနေပေမယ့် ပေါင်အရေပြားတွေက ဘာလို့လျော့ရဲနေတာလဲ ခါးနားက အဆီတုံးကြီးက ဘာလဲဟ။

Jing yang က မတ်တပ်ရပ်ပြီး ရေချိုးခန်းထဲသွားကာ မှန်ကြည့်သည်။ သူ ဝင်စားခဲ့ဖူးသမျှထဲမှာ ဒီခန္ဓာကိုယ်က အဆိုးဆုံးဖြစ်သည်။

သူ့မျက်နှာကို ပွတ်သပ်ကြည့်နေသည်။ မျက်နှာက အစိတ်အပိုင်းတွေက ကြည့်လို့ကောင်းပေမယ့် အသားရည်က ကြမ်းတမ်းကာ လျော့ရဲနေသည်။ မျက်ကွင်းတွေလည်း မဲနေသည်။ ဒီမျက်နှာက အရေအသွေးမြင့်တဲ့ ပစ္စည်းကို မသုံးဘဲ ပစ်ထားသလိုနဲ့တူသည်။ နဂိုလှတဲ့ ပစ္စည်းက ဖုန်တွေနဲ့  ဖုံးကွယ်ထားသလိုဖြစ်နေသည်။

ခန္ဓာကိုယ်အချိုးအစားကလည်း ပြီးပြည့်စုံနေသည်။ အရမ်းကြီးဝတယ်လို့ ပြောလို့မရပေမယ့် ခန္ဓာကိုယ်မှာ ကြွက်သားများမရှိပေ။ ကြည့်ရတာ သုံးနှစ်လောက် လေ့ကျင့်ခန်းလုပ်တာတွေ မရှိဘူးထင်တယ်။

မူလပိုင်ရှင်က စိတ်ထိခိုက်မှု အကြီးအကျယ်ရခဲ့လို့ ယုံကြည်မှု ကင်းမဲ့ပြီး အရှုံးပေးသွားတာနေမှာ။

Jing yang က ရေမြန်မြန်ချိုးလိုက်ပြီး အိပ်ယာပေါ်မှာ လှဲနေလိုက်သည်။ system ကိုသုံးပြီး မူလပိုင်ရှင် မှတ်ဉာဏ်တွေကို ကြည့်နေလိုက်သည်။

မူလပိုင်ရှင် နံမည်က Arthur Yang ဖြစ်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်ဖြစ်သည်။ ဖြစ်ခဲ့တယ်လို့ ပြောရမယ် ဘာလို့လဲဆိုတော့ ဒီသုံးနှစ်အတွင်း ဘာအလုပ်မှ လက်ခံမရရှိပေ။

Arthur က သာမန်မိသားစုက မွေးဖွားလာပြီး မချမ်းသာပေမယ့် စားဖို့သောက်ဖို့တော့ မပူရပေ။ သူဆယ်ကျော်သက်အရွယ်မှာ မိဘနှစ်ပါးလုံး မတော်တဆ ဆုံးပါးသွားသည်။ သူ့ရဲ့ ကြိုးစားမှု၊  ထူးခြားတဲ့ ရုပ်ရည်ကြောင့် ကမ္ဘာအဆင့် မော်ဒယ်လောကထဲ ဝင်ရောက်နိုင်ခဲ့သည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now