7.12

8.6K 1.4K 13
                                    

ပရိတ်သတ်တွေက ဒီဖြစ်ရပ်ကို live ရှိုးကနေ အစအဆုံးမြင်လိုက်ရသည်။ ပထမတော့ သူတို့လည်း အူးလည်လည်ဖြစ်နေကြပြီး အခြေအနေကို နားမလည်သေးပေ။ Dilumo က Conley ကို ပါးချလိုက်မှ အားလုံးသတိဝင်လာသည်။ Conley က jing yang ပုတ်ခတ်ဖို့ ကြံစည်နေပြီး ဗီဒီယိုရိုက်နေမှန်းမသိဘူး။ ပရိတ်သတ်တွေက ရုတ်ရုတ်သဲသဲဖြစ်သွားပြီး အင်တာနက်မှာ Conley ကို ထေ့ငေါ့တဲ့ကွန်မန့်တွေ ရေးကြသည်။ ဒီအချိန်မှာ jing yang က ပြန်လည်ကျော်ကြားလာပြီး fan base လည်း ရှိနေပြီဖြစ်သည်။ jing yang fan တွေက Conley ရဲ့ အရှက်မရှိတဲ့လုပ်ရပ်ကြောင့် ေဒါသထွက်နေကြပြီး Conley ကို တိုက်ခိုက်ကြသည်။ အရင်က ဖြစ်ခဲ့တဲ့ကိစ္စတွေကိုလည်း ပြန်လည်ထုတ်ဖော်ပြီး Conley က လူတွေကို မကောင်းကြံစည်တာ တော်တော်သိနေတယ် အများကြီးလေ့ကျင့်ခဲ့တာနေမှာ။ ဒါကြောင့် Arthur နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကလည်း Conley နဲ့ Dilumo ပေါင်းပြီး ကြံစည်ထားတာနေမှာ။

ပရိတ်သတ်တွေက Conley ကို ဆဲဆိုနေကြပြီး ဘယ်သူကမှလည်း ပြန်ပြီးမချေပနိုင်ပေ။ ဘာလို့လည်းဆိုတော့ အမှန်တရားကို အားလုံးမြင်တွေ့သွားပြီ။ အရင်က ဘယ်သူမှန်မှန် ဘယ်သူမှားမှား အခု Conley က ဒီလိုမျိုးလုပ်လိုက်တော့ သူ့ဘက်ကနေ ပြောပေးမယ့်သူက ချီးစားထားတဲ့ ဦးနှောက်ရှိလို့ပဲ။

Conley ကို ဆဲဆိုနေကြတော့ သူ့ဘက်က ပြောပေးမယ့်သူမရှိပေမယ့် Dilumo ကို ပြောဆိုကြတော့ သူ့ပရိတ်သတ်တွေက ငြိမ်ခံမနေပေ။ သူတို့နှစ်ယောက်က ချစ်သူတွေဆိုပေမယ့် တစ်ယောက်အမှားလုပ်တာကို နှစ်ယောက်လုံး အမှားလုပ်တယ်လို့ ဆုံးဖြတ်လို့မရဘူးလေ။ ပြီးတော့ Dilumo က ဒီကိစ္စမှာ ပါဝင်တာမှ မဟုတ်တာ။ Conley ကို ပါးချတာကို ကြည့်ခြင်းအားဖြင့် Conley ဒီလိုလုပ်တာကို Dilumo လည်း ထင်ထားမှာ မဟုတ်ဘူးလို့ Dilumo fan တွေက ပြောကြသည်။

Dilumo fan တွေက ဖြေရှင်းချက်အမျိုးမျိုး အကြောင်းပြချက်အမျိုးမျိုးပေးပြီး Dilumo က Conley ကိစ္စမှာ ပတ်သက်နေတဲ့သူမဟုတ်ဘူး။ သူတို့မျက်စိထဲမှာ Dilumo က ဖြူစင်သန့်ရှင်းတဲ့ နတ်သားလေးဖြစ်သည်။

သတင်းထောက်အုပ်ကြီးက Conley ကို ဝိုင်းကာ မေးခွန်းတွေ မေးနေကြသည်။ အခုသူက သူ့အိမ်သူပြန်ရမှာတောင် ကြောက်နေပြီး သူ ကောလိပ်က နေခဲ့တဲ့ အိမ်သေးသေးလေးမှာ ပုန်းနေသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now