Cheng jiaming ကို အရာရှိ wei ရဲ့လူတွေက သယ်ပြီး သူ့အိမ် လိုက်ပို့ခြင်းကို ခံရသည်။ သူ့ရင်ထဲမှာ အကြောက်တရားတွေ နောင်တတွေပြည့်နေသည်။ မနေ့ညက သူ့အသက်က အရာရှိအိမ်မှာပဲ ကုန်ဆုံးသွားတော့မလို့။
မနေ့ညက Wei tianxiong ခေါ်တော့ အရမ်းပျော်သွားပြီး သူ့ကိုလုံးဝမစွန့်ပစ်သေးဘူးပေါ့။ တခြားအသစ်တစ်ယောက်ပြောင်းသွားပေမယ့်လည်း သူ့ကိုသံယောဇဉ်တော့ရှိနေသေးတယ်လို့ ထင်ခဲ့သည်။ ဒီအခွင့်အရေးကို အသုံးချပြီး အိပ်ယာထဲမှာမြူဆွယ်လိုက်ရင် cheng မိသားစုပစ္စည်းတွေမရဘူးဆိုရင်တောင် တခြားနစ်နာကြေးရနိုင်သေးတယ်။
ဒါပေမဲ့ Wei tianxiong ရဲ့ ဒေါသထွက်ရုပ်ဆိုးနေတဲ့မျက်နှာကို မြင်ပြီး အခြေအနေမကောင်းတော့ဘူးလို့ တွေးမိသည်။ညတုန်းကအဖြစ်အပျက်ကို သိပ်မမှတ်မိပေမယ့် wei tianxiong က ဒေါသတွေအားလုံးကို သူ့အပေါ်ပုံချခဲ့ပြီး တစ်ညလုံးညှင်းပန်းနှိပ်စက်တော့သည်။
Cheng jiaming က အိပ်ယာပေါ်မှာ လှဲနေပြီး မျက်ရည်တွေစီးကျနေသည်။ သူ့ခန္ဓာကိုယ်ကို wei tianxiong ကိုပေးလိုက်ရတာ ရှက်ရွံတယ်လို့ထင်မိပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် သည်းခံခဲ့သည်။ ဒါပေမဲ့ သူ့ပန်းတိုင်ကိုမရတဲ့အပြင် ဒီလိုနှိပ်စက်တာကိုခံရတာ လုံးဝလက်မခံနိုင်ဘူး။ သူ့ရင်ထဲက ခါးသီးတဲ့ခံစားချက်တွေက အထိဋ်အထိပ်ကိုရောက်နေပြီး Wei tianxiong ကော cheng junxi ကိုပါ ဆန့်ကျင်ဖို့ နည်းလမ်းရှာရမယ်။
Wei tianxiong ကလည်း jing yang ကိုမရလို့ Yang wangkun အပေါ်အတော်ဒေါသထွက်နေသည်။ cheng မိသားစုကို စောင့်ကြည့်နေတဲ့ သူ့လူကပြောတယ်။cheng junxi က အပြင်ထွက်တိုင်း Yang wangkun ရဲ့စစ်သားတွေက စောင့်ကြည့်နေပြီး တစ်ခါတစ်လေ Yang wangkun ရဲ့ အိမ်တော်ကို ခေါ်သွားခြင်းခံရသည်။
Wei tianxiong ကဒေါသထွက်ပြီး သူ့လူတွေကို လွှတ်ပြီး cheng မိသားစုပိုင်စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကို ဈေးဝယ်သူတွေမလာအောင် လုပ်ကာ ဆိုင်တွေကို အတင်းအကျပ်ပိတ်စေသည်။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...