7.3

8.5K 1.5K 13
                                    

ဆယ်ရက်ကြာသောအခါ ကြယ်တွေကို ရိုက်ခတ်ခြင်း ကြော်ငြာက ကြည့်ရှုသူများတဲ့ top စာရင်းကို ရောက်သွားသည်။ jing yang က အဲ့မှာ ပျောက်ဆုံးနေသော အမှောင်ည theme နဲ့ video တစ်ခု ထပ်တင်လိုက်သည်။

ပန်းတွေနဲ့ ပြည့်နေတဲ့ အိမ်မက်ဆန်ဆန် ဥယျာဥ်ကြီးမှာ ဇိမ်ခံမွေ့ရာကြီး တစ်လုံးရှိသည်။ အပြာဖျော့ဖျော့ ပိုးသားညအိပ်ဝတ်ရုံ ကို ဝတ်ထားတဲ့ အမျိုးသားက ပန်းတွေအလယ်မှာပေါ်လာသည်။ သူ့လက်က ပန်းပွင့်လေးတွေကို ပွတ်သပ်ရင်း အိပ်ရာဆီလျှောက်လာပြီး လှဲလိုက်သည်။ သူ့လက်က ခေါင်းပေါ်တင်ထားပြီး ခြေထောက်တွေက ဝတ်ရုံရဲ့ အပြင်ထွက်ပြီး ပေါ်နေသည်။ ရင်သက်ရှုမောဖွယ်ကောင်းတဲ့ နောက်ကျောကို မြင်တဲ့သူတွေက အသက်ရှုဖို့တောင် မေ့လျော့နေကြသည်။

လေပြေအေးလေးက ကြွေကျနေတဲ့ ပန်းပွင့်ချပ်တွေက သယ်ဆောင်သွားပြီး အိပ်ယာပေါ်မှာ လှဲနေတဲ့ လူဆီကို ကျဲချသလို့ ပြန့်ကျဲသွားသည်။ အိပ်ယာပေါ်က လူက ပက်လက်လန်ပြီး ခေါင်းမော့လိုက်တော့ ပွင့်ချပ်တွေက ဖော်ထားတဲ့ ရင်ဘတ်ပေါ်နဲ့ ပေါင်ပေါ် ကျသွားသည်။ ထိုစဥ် ကင်မရာက ဘေးဘက်ကနေ အပေါ်ဘက်ကို ရွေ့လာသည်။ အားလုံးကလည်း မျက်နှာမြင်ရပြီလားဆိုပြီး မမှိတ်မသုန်ကြည့်နေကြသည်။ အကုန်လုံးက အသက်အောင့်ပြီး မျှော်လင့်နေကြပေမယ့် video ထဲက လူက မျက်နှာကို တခြားဘက်လှည့်သွားတာကြောင့် မျက်နှာ တစ်စိတ်တစ်ပိုင်းပဲ မြင်လိုက်ရသည်။

ပဟေဋိဆန်ပြီး sexy ကျတဲ့ မျက်နှာကို မြင်ရတဲ့ ပရိတ်သတ်တွေက viedo ကို ထပ်ခါထပ်ခါ ပြန်ပြန်ကြည့်နေမိကြသည်။ သူတို့ သိချင်စိတ်တွေကလည်း ပေါက်ကွဲမတတ်ပြင်းထန်လာသည်။ ဒါပေမဲ့ ဒီလူရဲ့ profile က လက်ရှိ မော်ဒယ်လောကက သူတွေနဲ့လည်း မတူပါဘူး။

ဒီတစ်ခါ ကြော်ငြာက ပရိတ်သတ်တွေကို ဆွဲဆောင်ရုံနိုင်သာမက ကုမ္ပဏီတွေကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ jing yang က ကြော်ငြာတွေကို အမည်မသိလွှင့်တာကြောင့် viedo အောက်မှာပဲ comment တွေ ထားခဲ့ကြသည်။

Jing yang က email လိပ်စာပေးထားတော့ အလုပ်လာအပ်တဲ့သူတွေအပြင် ပရိတ်သတ်တွေကပါ email ပို့ကြသည်။ တစ်ချို့ပရိတ်သတ်တွေက Jing yang မျက်နှာကို ဖော်ပြဖို့ပြောကြပြီး တစ်ချို့က သူ့ကိုဘယ်လောက်ကြိုက်ကြောင်း အားပေးနေမည်ဖြစ်ကြောင်း တစ်ချို့က လက်ဆောင်တွေပို့ကြသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now