5.3

12.6K 1.7K 78
                                    

Jing yang က အဆင့်​နိမ့်​ လက်​နက်​ ၃ခုကို တစ်​​နေ့နဲ့တစ်​ညလုံး ဆက်​တိုက်​သန့်​စင်​​နေပြီး အားလုံးလည်း ပြီးသွား​တော့ မနက်​မိုးလင်း​နေပြီဖြစ်​သည်​။ ပင်​ပန်းသလို ခံစား​နေရတာ​ကြောင့်​ ပစ္စည်း​တွေအားလုံးကို space ထဲပြန်​သိမ်းပြီး အိပ်​ယာ​ပေါ်လှဲကာ နားမလို့ပြင်​သည်​။ ထိုစဉ်​ တံခါး​ခေါက်​သံကို ကြားလိုက်​ရသည်​။

သူက ​စောင်​ကို ​ခေါင်းထိလုံ​အောင်​ခြုံပြီး မကြားချင်​​ယောင်​ ​ဆောင်​​နေသည်​။ ဒါ​ပေမဲ့ တံခါး​ခေါက်​​နေသူက တံခါးထမဖွင့်​မချင်း ရပ်​မယ့်​ပုံ​မ​ပေါ်ပဲ ပြင်းပြင်းထန်​ထန်​ ထုရိုက်​​နေသည်​။

jing yang က ​စောင်​ကို ဆွဲဖယ်​ပြီး တံခါးသွားဖွင့်​သည်​။ အပြင်​မှာ ရပ်​​နေတဲ့ Easy Nobility ကို စိတ်​မရှည်​တဲ့​လေသံနဲ့ " ဘာလဲ။"

" မင်းလို ဘာမှမလုပ်​ရတဲ့သူက အိပ်​​ပျော်​နိုင်​​သေးတယ်​။" easy nobility က jing yang ကို အထင်​​သေးတဲ့အကြည့်​နဲ့ ​ခေါင်းစ​ခြေဆုံးကြည့်​သည်​။ " ငါတို့​တွေ ပစ်​မှတ်​ကို သွားပြီးတိုက်​ခိုက်​​တော့မှာ။ အားလုံးက မင်းကို​စောင့်​​နေရတာ အရှက်​မရှိဘူးလား။ မြန်​မြန်​ ​အောက်​ဆင်းပြီး ငါတို့နဲ့လာ​တွေ့လိုက်​။"

" မင်းတို့ အပြင်​သွားသွား မသွားသွား ငါနဲ့ ဘာဆိုင်​လဲ။" jing yang က စိတ်​မရှည်​စွာ​ပြောသည်​။ " မင်းတို့ကို ​စောင့်​​ခိုင်းလို့လား။ ငါ မင်းတို့နဲ့ သွားမယ်​လို့ ​ပြောလား။"

Ding Nuoyang က အခုမှ ဂိမ်းစကစားတာ​ကြောင့်​ တိုက်​ခိုက်​နည်း​တွေ သိပ်​မသိ​သေးဘူးဆိုတာ Easy Nobility သိသည်​။ ဒါ​ကြောင့်​ အပြင်​သွား​တော့မယ်​ဆိုတိုင်း Ding Nuoyang ကို အမြဲ​ခေါ်သွားသည်​။ တိုက်​ပွဲထဲမှာ မ​ကောင်းဆိုးဝါး​တွေရဲ့ တိုက်​ခိုက်​မှုကို Ding Nuoyang မ​ရှောင်​နိုင်​ပဲ ​မြေကြီး​ပေါ်လဲကျသွားတဲ့အခါတိုင်း Easy Nobility တစ်​​ယောက်​​ပျော်​​နေသည်​။ အချိန်​တိုင်းမှာ Ding Nuoyang က​ ကံ​ကောင်းပြီး ​သေ​စေနိုင်​တဲ့ တိုက်​ခိုက်​မှု​တွေကို ​ရှောင်​နိုင်​ခဲ့ပြီး ဒဏ်​ရာ​တွေ လျင်​လျင်​မြန်​မြန်​ သက်​သာလာတာကို ​တွေ့​တော့ သူလုံးဝ မ​ပျော်​ဘူး။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now