7.5

8.6K 1.5K 7
                                    


Jing yang ကြော်ငြာက နောက်ဆုံးတော့ လူကြိုက်များခဲ့ပြီး လူတွေက jing yang တစ်လတည်းနဲ့ ခန္ဓာကိုယ်ကို ဘယ်လိုပြောင်းလဲလိုက်သလဲဆိုတာ သံသယဖြစ်နေကြသည်။

ဒီကမ္ဘာမှာ ရာဇဝတ်သားတွေ မျက်နှာ ခန္ဓာကိုယ်ပြောင်းလဲပြီး ထွက်ပြေးမှာကို ကာကွယ်တဲ့အနေနဲ့ ပလတ်စတစ် ဆာဂျင်ရီကို ပိတ်ပင်ထားကြသည်။ နည်းပညာတွေက ဖွံ့ဖြိုးနေတော့ ပလတ်စတစ်ဆာဂျင်ရီ လုပ်မလုပ် စစ်ဆေးလို့ရသည်။

ဒီခေတ်မှာ လူတွေက အလှအပနဲ့ ကျန်းမာရေးကို မြတ်နိုးတာကြောင့် Body ကောင်းကောင်းရှိတဲ့ မော်ဒယ်တွေက ပေါ်ပြူလာဖြစ်ကြသည်။ ခန္ဓာကိုယ်ကို လှလှပပ ထိန်းသိမ်းနိုင်ဖို့ဆိုတာ အချိန်အကြာကြီး လိုအပ်သည်။

အခုတော့ တစ်စုံတစ်ယောက်က တစ်လအတွင်း perfect body ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘယ်လိုဖြစ်လို့ သံသယမဖြစ်ပဲနေမလဲ ဘယ်လိုဖြစ်လို့ မသိချင်ရမှာလဲ။

ဒါကြောင့် Arthur acc မှာ ဆဲဆိုတဲ့ comment တွေ ရှိနေပေမယ့် Perfect body ဖြစ်အောင် ဘယ်လိုလုပ်သလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဖုံးလွှမ်းသွားသည်။

Jing yang က သူ့ရဲ့ ကြိုးစားတဲ့ပုံကို တင်ပြီး စာရေးထားတာက တစ်ညတည်းနဲ့ ပြောင်းလဲလို့ရတယ်ဆိုတာ မရှိဘူး။ ငါကငါပဲ။ ငါအတုက ငါအစစ် ဘယ်တော့မှ ဖြစ်မလာဘူး။

ပရိတ်သတ်တွေ jing yang စကားကို တစ်ဝက်ပဲ နားလည်ကြသည်။ တစ်ညတည်းနဲ့ ပြောလဲလို့မရတာကိုတော့ နားလည်ပေမယ့် ငါအတုက ငါအစစ် ဘယ်တော့မှ ဖြစ်မလာဘူးဆိုတာ ဘာအဓိပ်ပါယျလဲ။

Jing yang က သူစုံစမ်းရှာဖွေလာတာကို အမည်မသိနဲ့ မီဒီယာကုမ္ပဏီတစ်ခုကို ပို့လိုက်သည်။ ထိုမီဒီယာက jing yang လမ်းပေါ်မှာ ဓာတ်ပုံရိုက်တဲ့ မီဒီယာရဲ့ ပြိုင်ဘက်ဖြစ်သည်။

Jing yang ဆီက သတင်းအချက်အလက်တွေရတာနဲ့ ထိုမီဒီယာကုမ္ပဏီက စိတ်လှုပ်ရှားပြီး ဖြစ်ရပ်တစ်ခုလုံးကို စုံစမ်းတော့သည်။

နောက်နှစ်ရက်ကြာသော် New Era မီဒီယာက အုံးအုံးကျက်ကျက် သတင်းတစ်ခုကို လွှင့်တော့သည်။ နံမည်ကြီး စီစဥ်တင်ဆက်သူတွေကို ဖိတ်ကြားပြီး live လွှင့်ခြင်းဖြစ်သည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now