5.7

13.8K 1.8K 57
                                    

အဖွဲ့သားတွေ အိမ်အပြန်မှာ solid ရဲ့ သေနတ်အကြောင်း ဆွေးနွေးနေကြပြီး နောက်ဆုံးတော့ ခိုင်မာတဲ့ ဒိုင်းအကြောင်းကို ပြောနေတော့သည်။ အရင်တစ်ခါတုန်းက သူတို့ ဒိုင်းသာ သန်မာခဲ့ရင် လေထဲပါမသွားဘဲ ခေါင်းဆောင်ကို တစ်ယောက်တည်း သွားတိုက်စေတာမျိုး မဖြစ်စေနိုင်ပေ။

ဒါပေမဲ့ Boss ကတော့ Boss ပါပဲ မကောင်းဆိုးဝါးကို တိုက်နိုင်တဲ့အပြင် ရတနာတွေကိုပါ ရအောင်ယူနိုင်ခဲ့သည်။

နောက်ထပ်မစ်ရှင်တစ်ခု ပွင့်တော့မှာမလို့ အခုချိန်မှာ အဂ္ဂိရတ်ဆရာဆီ သွားရင် မမှီလောတော့ဘူးလို့ ထင်ထားကြသည်။ jing yang က သူ့လက်နက်ကို တစ်နာရီအတွင်း ပြောင်းလဲပေးခဲ့တယ်လို့ solid ကပြောတာကြောင့် အားလုံးက သူတို့အကျွမ်းကျင်ဆုံး လက်နက်တွေ ထုတ်ကာ အဆင့်မြှင့်ဖို့ jing yang ကို ပြောလိုက်သည်။

သူတို့တွေက ပိုက်ဆံပြတ်တဲ့သူတွေ မဟုတ်တာကြောင့် အရမ်းရက်ရောကြသည်။ jing yang ကို အလကားမပြင်ခိုင်းဘဲ သူတို့ space တွေဖွင့်ကာ jing yang လိုတာ ထုတ်သုံးစေသည်။ jing yang က သူများတွေအပေါ် ကိုယ်ကျိုးရှာတတ်သူ မဟုတ်တာကြောင့် လက်နက်အတွက် လိုအပ်မယ့် ပစ္စည်းတွေကို ထုတ်ယူသည်။ တစ်ယောက်ရဲ့ လက်နက်က ဒီပစ္စည်းကို လိုအပ်ပေမယ့် မရှိဘူး။ တခြားတစ်ယောက်ဆီမှာ ထိုလိုအပ်တဲ့ပစ္စည်း ရှိနေတယ်ဆိုရင် jing yang က သူတို့ချင်းလေးစားကြပြီး သစ္စာရှိကြတာကို သိတာကြောင့် သူတို့ခွင့်ပြုချက်ကို တောင်းကာ အချင်းချင်းပစ္စည်းကို မျှသုံးလိုက်သည်။

Jing yang က တံခါးခေါက်သံ ကြားရတာကြောင့် တံခါးဖွင့်လိုက်သည်။ အပြင်မှာ Qi Feng ကို တွေလို့က်ရပြီး သူ့ကို တစ်ခုခုပြောချင်နေတဲ့ပုံကြောင့် အထဲဝင်ခွင့်ပေးလိုက်သည်။

"မနားသေးဘူးလား။" Qi Feng က စားပွဲပေါ်မှာ လက်နက်ပစ္စည်းတွေ တွေ့တာကြောင့် မေးလိုက်သည်။

" အင်း သိပ်မပင်ပန်းသေးဘူး။ အချိန် သိပ်မကျန်တော့ဘူးဆိုတော့ အားလုံးရဲ့ လက်နက်တွေကို အဆင့်မြင့်ဆုံး မြှင့်ပေးရမယ်လေ။" jing yang က ခုံပေါ်မှာ ထိုင်လိုက်သည်။

" တအားကြီး လုပ်မနေနဲ့ဦး။ ဂိမ်းထဲမှာဆိုရင်တောင် မင်းရဲ့စိတ်နဲ့ကိုယ်တွေ ပင်ပန်းနေလိမ့်မယ်။ သိပ်ပြီး ဖိအားမပေးပါနဲ့။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now