2.2

15K 1.6K 51
                                    

" သခင်​​လေး" အိမ်​​တော်​ထိန်းက တံခါးအပြင်​ဘက်​က​နေ ​ခေါ်​နေသည်​။

Jing yang က မျက်​လုံးဖွင့်​လိုက်​ပြီး " ဝင်​လာခဲ့။"

အိမ်​​တော်​ထိန်းက တံခါးကို တွန်းကာ ဝင်​လာသည်​။ သူ့​နောက်​မှာ အ​စေခံ​တွေက မျက်​နှာသစ်​ရန်​ ​ရေဇလုံတို့ ပဝါတို့ သန့်​​ရှင်း​ရေးပစ္စည်း​တွေ သယ်လာကြသည်​။

jing yang က သွားတိုက်​ပြီး မျက်​နှာသစ်​လိုက်​သည်​။ အ​စေခံ​တွေ ပြန်​ထွက်​သွား​တော့ အိမ်​​တော်​ထိန်းက " သခင်​​လေး ​ဈေးဆိုင်​​တွေကို သွားကြည့်​မလား။"

" ဘိန်း​တွေသွားကြည့်​ချင်​တယ်​။" jing yang က အပြင်​ထွက်​ဖို့အတွက်​ အင်္ကျီသွားလဲလိုက်​သည်​။ ဘိန်း​တွေက ဝယ်​ပြီး သို​လှောင်​ထားတုန်းပဲရှိ​ပြီး ဘိန်းဆိုင်​မဖွင့်​ရ​သေး​ပေ။ မ​ရောင်း​သေးဘူး​ဆို​တော့ သူ့မှာအချိန်​​တွေ အများကြီးရှိ​နေ​သေးသည်​။

Cheng jiaming ကို အ​မေကစွန့်​ပစ်​သွားလို့ သနား​ပေမယ့်​ သူလုပ်​ခဲ့တာ​တွေအတွက်​ ပြန်​​ပေးဆပ်​ရမယ်​။ သူဒီ​လောက်​မ​ကောင်းတာ​တွေလုပ်​ခဲ့တာ​တောင်​ ​နောက်​ဆုံးမှာ ​ကောင်းစားသွား​သေးတယ်​။အခု cheng junxi ​နေရာမှာ ငါ jing yang ဝင်​လာပြီဆို​တော့ junxi ​ရဲ့ ​နောက်​ဆုံးဆန္ဒကို ဖြည့်​ဆည်း​ပေးရမယ်​။ cheng မိသားစုရဲ့ စီးပွား​ရေးကို ပြန်​အရယူ​ပေးပြီး Cheng jiaming နဲ့ wei tianxiong ကို လက်​စားပြန်​​ချေရမယ်​။

Jing yang က system ထဲကို ဝင်​ပြီး ကိုယ်​လုပ်​​တော်​ Xu ရဲ့ အဆုံးသတ်​ကိုကြည့်​လိုက်​သည်​။ သူမလိုက်​​ပြေးသွားတဲ့ ကုန်​သည်​ရဲ့ မိန်းမက သူမကို ညစ်​ပတ်​တဲ့ ပြည့်​တန်​ဆာအိမ်​မှာ​ရောင်းစားလိုက်​တယ်​။ ​နောက်​ဆုံးမှာ သူမက ​ရောဂါပိုးကူးပြီး ​နေမ​ကောင်းဖြစ်​ကာ​သေသွားသည်​။သူမက ဒီလိုမျိုးနဲ့ပဲတန်​တယ်​။ ဒီ​တော့ သူမနဲ့ ပတ်​သတ်​ပြီး ပူစရာမလို​တော့ဘူး။

Jing yang က ဘိန်းဆိုင်​ကိုသွားပြီးစစ်​​ဆေးသည်​။ ပစ္စည်း​တွေက မနည်း​ပေ။ သူက အိမ်​​တော်​ထိန်းကို​ပြောသည်​။ ဘိန်း​တွေကို ​ရေကန်​လွတ်​ တစ်​ကန်​ထဲထည့်​ပြီး ပင်​လယ်​​ရေနဲ့ ကယ်​ဆီယမ်​​အောက်​ဆိုဒ်​ ထည့်​​လောင်း​စေသည်​။ ဒါမှ ဘိန်း​တွေပျက်​စီးသွားမှာ ဖြစ်​သည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now