7.4

9K 1.6K 57
                                    

Jing yang အပါအဝင် မော်ဒယ်၅ယောက်ဟာ နောက်တစ်ရက်မှာ ရေမွှေးကြော်ငြာရိုက်ကူးဖို့ studio ကို ရောက်လာကြသည်။

Dilumo က ထောင့်နားမှာ ရပ်နေပြီး jing yang ကို စူးစိုက်စွာကြည့်နေသည်။ ဒီလူက တကယ်ပဲ Arthur Yang ဆိုတာ မယုံနိုင်ဘူး။ သုံးနှစ်လောက် အပြင်မထွက်တဲ့သူက တစ်ခါပေါ်လာတာနဲ့ သူပိုင်ဆိုင်သင့်တာကို လုယူသွားတယ်။

နဂိုကတည်းက သူက ဒီရေမွှေးကြော်ငြာရဲ့ အဓိကရေမွှေးကို ကြော်ငြာဖို့ လျာထားခံရတာ။ ဒါပေမဲ့ Lai feng ကုမ္ပဏီက Arthur yang ကို အဓိကရေမွှေးကြောငြာဖို့ စာချုပ်ချုပ်ခဲ့တယ်။ ဒီလူကို အစကတည်းက ရွံ့ထဲရိုက်ချပြီးသားလေ။ ဘာလို့ ငါ့ရှေ့မှာ ပေါ်လာရဲသေးတာလဲ။ Lai feng ကုမ္ပဏီက မကြာခင် နောင်တရလိမ့်မယ်။ ပရိတ်သတ်တွေကလည်း ကျေနပ်ကြမှာ မဟုတ်ဘူးလေ။

Dilumo က အေးစက်စွာပြုံးလိုက်သည်။ သူက Arthur Yang ရဲ့ studio က လူသစ်လေးမဟုတ်တော့ဘူး။ Arthur Yang ကလည်း အရင်ကလို ထင်ပေါ် မကျော်ကြားတော့ဘူး။ အခုလို ဘာမှမရှိတဲ့ အခြေအနေကိုမပြောနဲ့ အရင်ကတည်းက ငါက Conley နဲ့ ပေါင်းပြီး မင်းကို လုပ်ကြံခဲ့တာပဲ။ ငါ့ရှေ့မှာ ထပ်ပြီးပေါ်လာသေးတဲ့အတွက် နောင်တရအောင် လုပ်ပြမယ်။

Regulus က တစ်ခါထပ်ပြီး Studio ထဲ့မှာ ပေါ်လာတော့ မော်ဒယ်တွေက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ Regulus ရဲ့ အာရုံစိုက်မှုကိုရအောင် သူ့တို့ရုပ်ရည်တွေကို အကောင်းဆုံး ထုတ်ဖော်ပြချင်နေကြသည်။ Dilumo က ခေါင်းကိုမော့် ရင်ကိုကော့ပြီး သူ့စိတ်ထဲမှာ သူ့ကိုယ်သူ အချောဆုံးလို့ထင်နေသည်။

Jing yang တစ်ယောက်ပဲ မျက်စိမှိတ်ကာထိုင်နေပြီး ကြော်ငြာရိုက်ကူးရင် ဘယ်လိုလုပ်ရမလဲဆိုတာ စိတ်ထဲကနေ ပုံဖော်နေသည်။

ဒါရိုက်တာက မော်ဒယ်တွေကို ပြင်ဆင်ဖို့ပြောတော့ မော်ဒယ်လေးယောက်က ထရပ်ပြီး အရင်ရိုက်ကူးဖို့ပြင်ကြသည်။ jing yang အဓိက ပစ္စည်းကို တစ်ယောက်တည်း ရိုက်ကူးရမှာဖြစ်လို့ နောက်မှ ရိုက်ရမှာဖြစ်သည်။

Regulus က တခြားတစ်ဖက်မှာထိုင်နေသည်။ သူ့ပုံစံက ရိုက်ကူးရေးကို ကြည့်နေတယ်ဆိုပေမယ့် သူ့အာရုံက jing yang တစ်ယောက်ပေါ်ကိုသာ ကျရောက်နေသည်။ jing yang က တစ်ချိန်လုံး မျက်လုံးမှိတ်ထားတာတွေ့တော့ သူ့စိတ်ထဲမှာ jing yang ကို မျက်နှာမဖော်ပြတဲ့ နတ်သားလေးအလား ထင်မှတ်နေသည်။ (😒😒😒)

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now