7.8

9.5K 1.6K 20
                                    

Jing yang က ရေအောက်ဥယျာဥ်ရဲ့ အပေါ်ရေမျက်နှာပြင်ကို တက်ပြီး လေတက်ရှုသည်။ ပြီးတော့ ရေပြန်ငုပ်သည်။

ရေအောက်ဥယျာဥ်လို့ဆိုတဲ့အတိုင်း ပျော်စရာများနဲ့ လှပတဲ့အရာတွေရှိသည်။ ဒီအရာတွေက ရေအောက်စတိုင်လုံးဝရှိနေပြီး လာလည်တဲ့ တိုးရစ်တွေကိုလည်း စိတ်ကျေနပ်မှုရရှိစေသည်။

Jing yang က ကမာခွံကြီးထဲမှာရှိတဲ့ အိပ်ယာပေါ်မှာ ပျင်းရိစွာနေတဲ့ပုံစံအတိုင်း ပို့စ်ပေးနေပြီး ကင်မရာကို မျက်လုံးတစ်ဖက်မှိတ်ပြသည်။

Jing yang က စားစရာတွေခင်းကျင်းထားတဲ့ စားပွဲပေါ်မှာ ထိုင်လိုက်သည်။ jing yang က ခက်ရင်းနဲ့ အစာကို ကောက်ပြီး စားမလို့ပြင်နေတော့ ရုတ်တရက် ငါးတစ်ကောင်က jing yang လက်ထဲကအစာကို လုပြေးသည်။ jing yang စိတ်ဆိုးချင်ယောင်ဆောင်ပြီး ထိုငါးကို ကြည့်လိုက်သည်။ ထိုငါးကလည်း jing yang ကို ပြန်ကြည့်ပြီး အမြီးခါပြနေသည်။ သူ့ကြည့်ရတာ ဂုဏ်ယူနေတဲ့ပုံပေါ်သည်။

တကယ်တော့ စားစရာတွေက ငါးစာတွေဖြစ်သည်။ ပရိတ်သတ်တွေက ငါးစာမှန်းမသိတော့ jing yang ရဲ့ အစာလုခံရလို့ စိတ်ဆိုးနေတဲ့ပုံကိုကြည့်ပြီး မပြုံးဘဲ မနေနိုင်ကြပေ။ ဒါက အရမ်းချစ်ဖို့ကောင်းတာပဲ။

အစာလုသွားတဲ့ငါးက လူကြောက်ပုံမပေါ်ပဲ အဝေးမသွားတဲ့အပြင် jing yang ပါးကိုပါ နမ်းနေသည်။ အစာလုသွားတဲ့အတွက် တောင်းပန်နေသလိုပုံပေါ်နေသည်။ jing yang က ပြုံးလိုက်ပြီး ငါးရဲ့ ခေါင်းလေးကို လက်လေးနဲ့ ထိလိုက်သည်။

ငါးနဲ့လူနဲ့ ကြားက ဆက်သွယ်မှုကို ကြည့်ပြီး လူတွေရဲ့ အသည်းနှလုံးက အရေပျော်မတတ်ဖြစ်လာသည်။

Jing yang က ရေကူးနေတုန်း သူရေကူးပုံက သဘာဝကျပြီး လှပတာကြောင့် ငါးတွေက သူတို့နဲ့ မျိုးနွယ်တူတွေလို့ သတ်မှတ်ပြီး ဘေးကနေလိုက်ကူးနေကြတယ်လို့ လူတွေကို ထင်မှတ်အောင်လုပ်နေသည်။ တကယ်တော့ jing yang က လက်ထဲမှာ ငါးစာကိုင်ထားပြီး ဖြည်းဖြည်းချင်းဖဲ့ပေးနေတာကို လူတွေ မမြင်ကြပေ။

Jing yang ခန္ဓာကိုယ်လောက်ရှိတဲ့ ငါးကြီး ဘေးနားရောက်လာတော့ jing yang က ထိုငါးကြီးပေါ်မှာ ထိုင်လိုက်သွားသည်။ ငါးကြီးက jing yang ကို အံ့ဖွယ်အဆောက်အဦးတွေဆီကို လှည့်ပတ်ခေါ်သွားသည်။ နောက်ကနေ ရောင်စုံငါးတစ်သိုက်က လိုက်လာသည်။ ရေသူမင်းသားလေး တိုင်းခန်းလှည့်လည်နေသလိုပင် ဖြစ်သည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now