7.9

9.4K 1.5K 17
                                    

Fan တွေက vote ပေးတော့ သူတို့စိတ်ထဲမှာ ပြိုင်နေကြသည်။ live ကို ကြည့်မယ်ဆိုရင် ဘယ်သူ့ကို vote ပေးရမယ်ဆိုတာ အသိသာချည်းပဲ။

တစ်ဖက်က သူတို့ idol ကို ဘာပဲဖြစ်ဖြစ် သစ္စာရှိပြီး vote ပေးမယ်။ တခြားတစ်ဖက်က တရားမျှတစေချင်တာကြောင့် အမှန်တကယ် vote ရသင့်တဲ့သူကို vote ပေးမယ် ဖြစ်နေသည်။

တစ်ချို့ fan တွေက သူတို့ idol ကို ချစ်တဲ့စိတ်ပြင်းထန်တာမလို့ သူတို့ idol ကိုပဲ vote ပေးသည်။ ချစ်တဲ့မပြင်းထန်တဲ့ fan တစ်ချို့ကသာ jing yang ကို vote ပေးသည်။ တခြား ပရိတ်သတ်တွေက ဘယ်သူ့ကို vote ပေးရမှန်းမသိတာကြောင့် jing yang ကိုပဲ vote ပေးသည်။

သို့သော်လည်း ထို live ကနေ မော်ဒယ်တွေရဲ့ ရိုက်ကူးရေးက ဘယ်လောက်ပြင်းထန်ပြီး ဘယ်လောက် ခက်ခဲကြောင်း သိသွားကြသည်။ အရည်အချင်းရှိတဲ့သူတွေအတွက်တောင် Perfect level ရဖို့အတွက် အရမ်းခက်ခဲသည်။ Arthur Yang အဲ့ level ထိ လုပ်နိုင်တာ အများကြီး ကြိုးစားခဲ့ရမယ်ထင်တယ်။ ဒီသုံးနှစ်အတွင်းမှာ မပျင်းမရိ လေ့ကျင့်ခဲ့တယ်နဲ့တူတယ်။

Vote ရလဒ်က မကြာပါဘူး ထွက်လာသည်။ ဒါရိုက်တာနဲ့ ဒီဇိုင်နာ  ရမှတ်၊ ရိုက်ကူးရေး အလုပ်သမားတွေ ရမှတ်က jing yang ကိုပဲ ပေးနေသည်။ ပရိတ်သတ် ရမှတ်ကတော့ jing yang က fan အများကြီးမရှိလို့ သူ့ရဲ့အမှတ်တွေက fan အများကြီးရှိတဲ့ မော်ဒယ်တွေနဲ့ ရမှတ် တူနေသည်။

ညနေခင်းမှာ အဖွဲ့အစည်းက edit ပြင်ပြီးသား video တွေကို တင်လိုက်သည်။ jing yang video ကို ကြည့်တဲ့သူ အရေအတွက်က ကျန်မော်ဒယ်တွေ စုပေါင်းထားတဲ့ အရေအတွက်ထက် ကျော်လွန်သွားသည်။ ကြည့်ရှုသူအရေအတွက် ပရိတ်သတ်တွေ fan တွေရဲ့ စစ်မှန်တဲ့ တန်ဖိုးထားမှုကို ကိုယ်စားပြုနေသည်။ တစ်ချို့ fan တွေက သူ့တို့ idol ကို support ကြပေမယ့် jing yang video ကို ထပ်ကာထပ်ကာ မကြည့်ပဲ မနေနိုင်ပေ။

Dilumo က သူ့ video ကို သူကိုယ်တိုင်တောင် မကြည့်နိုင်ပေ။ video ရဲ့ အောက်မှာ လှောင်ပြောင်ရေးထားတဲ့ comment တွေလည်း ရှ်ိသည်။ အများအားဖြင့် သူ့အကြောင်း မကောင်းပြောတဲ့ comment ကို သူ့ fan တွေ ဝိုင်းရံပြီး ညှင်းဆဲကြသည်။ သူ့ကို မကောင်းပြောတဲ့သူ အဆဲခံရတော့ သူ့စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်နေသည်။ အခုကြတော့ သူ့ကို ပြောပေးမဲ့ fan ကတောင် အများကြီး နည်းနေသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now