2.11

15.8K 1.7K 43
                                    


Wei tianxiong က Yang wangkun ကို ကြာရှည်​စွာ စစ်​တိုက်​ချင်​​ပေမယ့်​ Yang wangkun က​တော့ Li မြို့မှာ ကြာကြာ​နေလို့မဖြစ်​ဘူး။ သူ့မှာ အ​ရေးကြီးတဲ့ ကိစ္စ​တွေ​ရှိ​နေတယ်​။

ဘိန်းဆိုင်​​တွေတားမြစ်​တဲ့ ကိစ္စကို Yang wangkun က ချက်​ချင်းမလုပ်​ဘူး။ Liမြို့မှာ ဂုဏ်​သိက္ခာရှိတဲ့ ဆိုင်​​တွေကို သူ့ရဲ့ စစ်​သားတစ်​ချို့လွှတ်​ကာ wei tianxiong ကို တပြိုက်​နက်​ထဲဆန့်​ကျင်​ဖို့ ​ပြောဆိုခိုင်းသည်​။

Yang wangkun က နဂို​သွေးေ​အးတဲ့ စစ်​သားဖြစ်​​တာ​ကြောင့်​ ​စစ်​​မြေပြင်​က ​သွေးသံရဲရဲ​တွေကို လုံးဝမ​ကြောက်​ဘူး။ Li မြို့ကို စစိတပ်​အင်​အားသုံးပြီး သိမ်းပိုက်​လို့ရ​ပေမယ့်​ သမ္မတရဲ့ ဂုဏ်​သိက္ခာကို စဉ်းစားရဦးမယ်​။

တိုက်​ပွဲဖြစ်​လို့ရတယ်​ ပဋိပက္ခ​တွေဖြစ်​လို့ရတယ်​ ဒါ​ပေမယ့်​ သူတို့က အမှန်​တရားဘက်​မှာ ရှိဖို့လိုတယ်​။ တိုင်းပြည်​ကိုယ်​စားပြု​ဖြစ်​​နေရမယ်​။ ပြည်​သူကိုယ်​စားပြုဖြစ်​​နေရမမယ်​။

Wei tianxiong နဲ့ သူ့​နောက်​လိုက်​​တွေက လူ​တွေကို နှစ်​​ပေါင်းများစွာ အနိုင်​ကျင့်​လာတာ​ကြောင့်​ လူ​တွေက သူတို့ကို အရိုးထဲထိ​အောင်​မုန်း​နေကြသည်​။ ဒါ​ပေမဲ့ ဘယ်​သူမှ ထုတ်​​ဖော်​မ​ပြောရဲကြဘူး။

Jing yang က yang wangkun ကို ​တိုက်​တွန်းသည်​။ သူ​နောက်​တစ်​ကြိမ်​ Fairview ပြဇာတ်​ရုံမှာ Mu Guiyang ရဲ့ ဗိုလ်​ချုပ်​ကြီးအတွက်​ ပြည်​သူ​တွေကို စည်းလုံးခြင်းဆိုတဲ့ သီချင်းကို ဆိုပြီး Li မြို့က လူ​တွေရဲ့ ယုံကြည်​မှုကို ယူဖို့ဖြစ်​သည်​။

Jing yang က သီချင်းဆိုပြီးသွား​တော့ စင်​​နောက်​ဖက်​ကိုယမိတ်​ကပ်​ဖျက်​ဖို့ မဝင်​ဘဲ သူက အရှင်းဆုံးစကားလုံ​တွေသုံးကာယwei tianxiong ကို ဆန့်​ကျင်​ဖို့ စည်းရုံး​တော့သည်​။

" ငါတို့လို သာမန်​လူ​တွေကို ဖိနှိပ်​ချုပ်​ချယ်​​နေတဲ့ ဟန်​လူမျိုး​တွေလို ဂျပန်​လူမျိုး​တွေလို မုန်းစရာ​ကောင်း​တဲ့ သူ​တွေက ငါတို့လည်​ဂုတ်​ကို ​သွေးစုပ်​​နေတဲ့ ​မျှော့​တွေလိုဘဲ ငါတို့​သွေး​တွေ ကုန်​ခန်းသွားတဲ့အထိ စုပ်​ပြီးသွားရင်​ အရိုး​တွေ​တောင်​ ချန်​ထားမှာ မဟုတ်​ဘူး။ ပြီး​တော့ ဒီလူယုတ်​မာ​တွေက ငါတို့နည်းနည်းမ​ကျေနပ်​တာနဲ့ ငါတို့ဟာ အသတ်​ခံရတယ်​ ငါတို့ဟာ ညှင်းပန်းခံရတယ်​ ဒါက​တော်​​တော်​ဆိုရွားတယ်​။ အခု ငါတို့နိုင်​ငံက တရုတ်​ပြည်​သူ​တွေကကိုယ်​စားအုပ်​ချုပ်​တဲ့ နိုင်​ငံဖြစ်​တယ်​။ ငါတို့​တွေက ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​ရနိုင်​တယ်​လို့ Yang သမ္မတက​ပြောတယ်​။ ဒါ​ပေမဲ့ Li မြို့မှာ​တော့ wei tianxiong က မင်းဆိုးမင်းညစ်​လိုအုပ်​ချုပ်​​နေပြီး ငါတို့​တွေဟာ သူအနိုင်​ကျင့်​လို့ရတဲ့ အ​စေခံလို ဆက်​ဆံ​ခံနေတယ်​။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now