7.14

8.1K 1.3K 6
                                    

Jing yang ရဲ့ တည်းဖြတ်ပြီးသား ကြော်ငြာဗီဒီယိုကို တင်လိုက်တော့ ကြည့်ရှုသူနှုန်းက တခြားမော်ဒယ်တွေ စုစုပေါင်းထက် သာလွန်နေသည်။ သူရဲ့ fan တွေကလည်း များလာပြီး တခြားမော်ဒယ်တွေထက် ကျော်သွားသည်။

Fan တွေရဲ့ vote မှာကော အမှတ်တွေမှာပါ jing yang က အမြင့်ဆုံးဖြစ်သည်။ ဒါကြောင့် ပြိုင်ပွဲပြီးသွားတော့ jing yang က Fernelea ရဲ့ တစ်သက်တာမော်ဒယ်ဖြစ်သွားသည်။

Dilumo က စင်အောက်မှာ ထိုင်နေသည်။ jing yang က Regulus နဲ့ စာချုပ်ချုပ်ဆိုပြီး မီဒီယာတွေကနေ အင်တာဗျူးနေတာကို ကြည့်နေသည်။ မနာလိုဝန်တိုမှုတွေက သူ့နှလုံးသားကို ပုရွက်ဆိတ်ကိုက်သလို တဆစ်ဆစ်ဖြစ်စေသည်။ Regulus ဘေးမှာရပ်နေသူက ငါဖြစ်ရမှာ ချီးကျူးသြဘာသံတွေ ခံယူနေတဲ့သူက ငါဖြစ်ရမှာ။ ငါပိုင်ဆိုင်တာတွေကို ဘာလို့လုယူသွားတာလဲ။

Jing yang နဲ့ Regulus က စာချုပ် ချုပ်ဆိုပြီး လက်ဆွဲနှုတ်ဆက်ကြသည်။ လူနှစ်ယောက် အကြည့်ချင်းဆုံမိတော့ တစ်ယောက်မျက်လုံး တစ်ယောက်ကနေ ဖုံးကွယ်ထားတဲ့ အပြုံးတွေ တွေ့ရသည်။

စာချုပ်ချုပ်ဆိုတာမပြင် Regulus က jing yang ကို ဘောနပ်အကြီးကြီးပေးသည်။ အကန့်အသတ်နဲ့ထုတ်တဲ့ ဇိမ်ခံကား ပြီးတော့ မြို့လယ်မှာရှိတဲ့ စံအိမ်ကိုလည်း ပေးသည်။ Dilumo တင်မကဘူး တခြားမော်ဒယ်တွေကပါ မနာလိုဖြစ်ကုန်ကြသည်။

Dilumo က အိမ်ပြန်ရောက်တော့ internet မှာ live လွှင့်တော့သည်။

" အားလုံးပဲ မင်္ဂလာပါ။ ပြိုင်ပွဲပြီးလို့ အိမ်ပြန်ရောက်ပါပြီ။'' Dilumo က ကင်မရာရှေ့မှာ လက်ရမ်းနှုတ်ဆတ်ပြသည်။ Fernelea ရဲ့ တစ်သက်တာမော်ဒယ်မဖြစ်ရတော့ အရမ်းနောင်တရမိတယ်။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး။ ဒါက ကျွန်တော့်ဘဝမှာ အရှုံးတွေထဲက တစ်ခုလို့ပဲ မှတ်ယူထားပါတယ်။ ဒီအတွက်နဲ့ စိတ်ပျက်အားလျော့သွားမှာ မဟုတ်ဘူးဆိုတာ စိတ်ချထားလိုက်ပါ။''

ပြီးတော့ Dilumo ရဲ့ မျက်နှာက ချက်ချင်းဝမ်းနည်းသွားပြီး '' ဒီပြိုင်ပွဲကနေ လူတွေရဲ့ ရက်စက်တတ်တဲ့ နှလုံးသားကို ကောင်းကောင်းသိလိုက်ရတယ်။ အောင်မြင်မှုကို မရရင်တောင် ဒီပြိုင်ပွဲကနေ အတွေ့အကြုံတွေကို ရယူနိုင်ပြီး ရင့်ကျက်လာလိမ့်မယ်လို့ ယူဆခဲ့မိတယ်။ အခုပြန်တွေးကြည့်တော့ ကျွန်တော်က အရမ်းကိုနုံခဲ့တာပဲ။ ကြိုးစားရင် အောင်မြင်မှုရမယ်လို့ ထင်ခဲ့တယ်။ တခြားလူတွေက ကျွန်တော့်ကို အခက်ခဲဖြစ်အောင်လုပ်တယ်။ လုံးဝကိုမခုခံနိုင်ဘဲ ကြိုးစားသမျှက သဲထဲရေသွန်ဖြစ်ခဲ့ရတယ်....''

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now