ပြိုင်ပွဲစတင်ပါပြီ။ Host က ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ဆွပြီးတော့ ဒီနေ့ချက်ရမည့် ဟင်းလျာက Flying Dragon Plays Phoenix (ကြက်သား၊ ပုဇွန်၊ ပြည်ကြီးငါး ကို ဟင်းသီးဟင်းရွက်တွေနဲ့ ရောချက်ရမည့်ဟင်းကိုပြောတာ😵😥) ဖြစ်ကြောင်းပြောသည်။
QX က ပရိတ်သတ်ကြားမှာ ထိုင်နေပြီး ZJM က ပြိုင်ပွဲမှာ နိုင်လိမ့်မည်ဟု ယုံကြည်သည်။ ဒိုင်တွေနဲ့ ပြိုင်ပွဲ ရလဒ်တော့ မထိန်းချုပ်နိုင်ပေမယ့် ဟင်းလျာရွေးချယ်တဲ့ လူတွေကိုတော့ ခြိမ်းခြောက်တာတစ်မျိုး လာဘ်ပေးတာတစ်မျိုးနဲ့ ထိန်းချုပ်နိုင်ခဲ့သည်။ round ၂ round လုံးကဟင်းတွေက ZJM ကျွမ်းကျင်ပိုင်နိုင်တဲ့ ဟင်းတွေဖြစ်သည်။
ပြိုင်ပွဲစီစဉ်သူတွေကို ခိုင်းပြီး ZJM နဲ့ LJY ၂ယောက်လုံးကို ဘေးချင်းကပ်ယှဉ်ပြိုင်စေသည်။ ဒါမှ၂ယောက်လုံးကို ကင်မရာနဲ့ယှဉ်ရိုက်မိမှာ ဖြစ်သည်။ရည်ရွယ်ချက်က ZJM ကတော့ ကျွမ်းကျင်ပိုင်နိုင်စွာချက်ပြုတ်တတ်ပြီး LJY ကတော့ ပျာယာခက်နေတာကို ယှဉ်ပြချင်တာဖြစ်သည်။
အမယ်ပစ္စည်းတွေထားသည့်နေရာမှာ အဆိုးအကောင်း ရောထားသည်။ ပြိုင်ပွဲဝင်တွေက ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်သည်။
ကြက်က သတ်ပြီးသားဖြစ်ပေမယ့် ပြိုင်ပွဲဝင်သူတွေက ကိုယ်ရွေးချယ်ထားတဲ့ကြက်ကို အမွေးနှတ် အရေခွံစုတ် ကလီစာ ထုတ်ရမှာဖြစ်သည်။ပြည်ကြီးငါးနဲ့ ပုဇွန်တွေကတော့ အရှင်တွေဖြစ်ပြီး ကိုယ်တိုင်ကိုင်တွယ်ရမှာဖြစ်သည်။
သူတို့ကိုင်တွယ်တဲ့အပေါ်မူတည်ပြီး ကြက်သားအရသာပြောင်းလဲသွားမှာဖြစ်သည်။၁၀ကောင်ထက်ပိုတဲ့ ကြက်သားတွေထဲမှာ အရည်အသွေးကောင်းတဲ့ ကြက်သားက နည်းနည်းပဲရှိပြီး တစ်ချို့ကြက်သားတွေက သတ်ထားတာကြာလို့ မကောင်းတာတွေကို Jing yang မြင်ရသည်။
လိုချင်တဲ့ အမယ်ပစ္စည်းတွေယူပြီးတော့ jing yang ကြက်သားကို စတင်ကိုင်တွယ်တော့သည်။ ZJM က jing yangကို ခဏခဏ ကြည့်နေသည်။ZJM စိတ်ထဲမှာ LJY က ပြိုင်ပွဲမှာ ပါဝင်ရဲသေးတယ်။ဒိုင်လူကြီးတွေက စံနှုန်းမြင့်ရုံသာမက ပါးစပ်ပေါက်ကလည်းဆိုးသေးတယ်။သူတောင် အငယ်တန်း ချန်ပီယံ ၂ကြိမ်တောင်ရပေမယ့် ချီးကျူးတာရှားတယ်။ LJY ပြင်းပြင်းထန်ထန်ပြောခံရမှာ မကြောက်ဘူးလား။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...