6.11

11.1K 1.4K 8
                                    

Carnia က jing yang ကို စိုက်ကြည့်နေပြီး မျက်နှာကို ပြေးကုတ်ချင်မိသည်။ '' လျှောက်ပြောမနေနဲ့။ Davis က လွယ်လွယ်နဲ့ လှည့်စားခံမှာ မဟုတ်ဘူး။''

Jing yang က ဒေါသထွက်နေတဲ့ Carnia ကို လှစ်လျူရှုပြီး နတ်ဆိုးဘုရင်ကို ပြောလိုက်သည်။ '' ကျွန်တော်ပြောတာ လက်ခံလား။''

နတ်ဆိုးဘုရင်က jing yang မျက်နှာကို အကြည့်မလွှဲနိုင်ဖြစ်နေသည်။ နဂိုက သတ်ချင်နေတဲ့စိတ်တွေက ကြက်ပျောက် ငှက်ပျောက် ပျောက်သွားသည်။ ဒီလူကိုသာ ရမယ်ဆိုရင်  '' မင်း ငါနဲ့ ပူးပေါင်းချင်တာလား။'' 

" အသင်နဲ့သာ စာချုပ်ချုပ်လိုက်မယ်ဆိုရင် အသင့်ရဲ့ စွမ်းအားတွေကို ရရုံသာမက ကျွန်တော့်အသက်က ခင်ဗျားနဲ့ ပေါင်းစည်းသွားမယ်။ အသင်သာ တစ်ခုခုဖြစ်ရင် ကျွန်တော်လည်း အသက်ရှင်မှာ မဟုတ်ဘူး။ ဘာတွေ စိုးရိမ်စရာလိုလို့လဲ။'' jing yang က ပြောသည်။

" ငါ့ဆီက ဘာလိုချင်တာလဲ။'' နတ်ဆိုးဘုရင်က မေးသည်။ '' Orede မင်းကို မပေးနိုင်တာက ဘာလဲ။''

" ကျွန်တော့်ကို လူသားတွေရဲ့ ဘုရင်ဖြစ်လာအောင် ကူညီပေးစေချင်တာပါ။'' jing yang က သူ့မျက်လုံးထဲမှာ လောဘအရိပ်အရောင်တွေနဲ့ ပြောသည်။ '' လူသားတွေရဲ့ အသက်က နတ်ဆိုးတွေထက် တိုတယ်။ ကျွန်တော်အသက်ရှင်နေတုန်းမှာ လူသားတွေရဲ့ ဘုရင်လုပ်မယ်။ ကျွန်တော်သေသွားရင် လူသားတွေကို ကြိုက်သလို ချယ်လှယ်လို့ရပြီ။''

" မင်းက ဘုရင်ဖြစ်ချင်တာလား။'' နတ်ဆိုးဘုရင်ရဲ့ မျက်နှာပေါ်မှာ အံ့သြတဲ့ အရိပ်တွေ ဖြတ်သွားသည်။

" တကယ်တော့ တခြားလူတွေ သေမသေ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော့် တစ်ဘဝလုံး လူကောင်းတစ်ယောက်လို ဟန်ဆောင်ပြီး မနေချင်ဘူး။ အာဏာအကြီးဆုံးနေရာမှာနေပြီး အားလုံးအသက်တွေကိုကစားချင်တာ။'' 

နတ်ဆိုးဘုရင်က တွေးနေသည်။ သူပြောတာ ကြိုးကြောင်းညီတယ်။ ဘာအားနည်းချက်မှ မတွေ့ဘူး။ သူပြောသလို ငါနဲ့သာ စာချုပ်ချုပ်လိုက်မယ်ဆိုရင် ဒီအခွင့်အရေးကို သုံးပြီး လူသားတွေကို အပြတ်ရှင်းလို့ရရုံသာမက ဒီလူကိုလည်း အပိုင်ရမှာ။ ဒီ့ထက်ကောင်းတာ မရှိတော့ဘူး။ Orede ဘယ်လောက်ပဲ ခွန်အားကြီးကြီး ဒီလူသာ သူ့ဘေးမှာ ရှိနေမယ်ဆိုရင် Orede က သူ့ပြိုင်ဖက် မဟုတ်တော့ဘူး။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now