7.17

21K 1.8K 109
                                    

ကိစ္စအားလုံးလည်း ပေါ်သွားတော့ Dilumo နဲ့ Conley က ကမ္ဘာပေါ်ကနေ ပျောက်သွားသလို သူတို့သတင်း အစအနကိုပင်မရတော့ပေ။

နှစ်နှစ်လောက်ကြာတော့ jing yang က ထိပ်တန်းစူပါမော်ဒယ် တစ်ယောက်ဖြစ်လာပြီး ကမ္ဘာတစ်ဝန်းမှာ fan တွေ ရှိလာသည်။ စီးပွားရေးသမားတွေက jing yang ကို ပိုက်ဆံကုန်ကျခံ ငှားချင်ကြပြီး သူတို့ကုန်ပစ္စည်းကို ကြောငြာစေချင်ကြသည်။ ဒါပေမဲ့ jing yang က ခပ်လျှိုလျှိုနေပြီး လူထုရှေ့ထွက်လာမှုက တဖြည်းဖြည်းနည်းလာသည်။ Fernelea Group ရဲ့ ကုန်ပစ္စည်းတွေ ကြော်ငြာတာကလွဲလို့ တခြားအလုပ်ကို လက်မခံတော့ပေ။

သူ့ fan တွေ jing yang အနားယူသွားမှာကို ကြောက်နေပြီး အနာဂတ်မှာ မတွေ့ရတော့မှာကို စိုးရိမ်နေကြသည်။

ပရိတ်သတ်တွေက အနားယူသွားတော့မလားဆိုတဲ့ မေးခွန်းတွေ ထွက်လာတာကို ကြောက်နေကြတော့ jing yang ပြန်ပြီး အကြောင်းပြန်လိုက်သည်။ jing yang က Regulus နဲ့ ဆက်ဆံရေးကို ချပြလိုက်ပြီး မင်္ဂလာပွဲ ကျင်းပဖို့အတွက် တစ်ခါတစ်လေမှ လူထုအလယ်မှာ ပေါ်လာရကြောင်းပြောသည်။ အချိန်တစ်ခုထိ အနားယူမှာ မဟုတ်သေးကြောင်း မင်္ဂလာပွဲပြီးမှ အလုပ်လက်ခံမည်ဖြစ်ကြောင်း ပြောသည်။

ပရိတ်သတ်တွေက ရိုလာကိုစတာ စီးသလို ခံစားနေရသည်။ မင်္ဂလာဆောင်မယ့်သတင်းကို ရုတ်တရက်ကြီးပြောလိုက်တော့  တုန်လှုပ်သွားကြသည်။ အချိန်တစ်ခုထိ အနားမယူသေးဘူးဆိုမှ စိတ်သက်သာရာ ရသွားကြသည်။

Jing yang နဲ့ Regulus ရဲ့ မင်္ဂလာပွဲက အင်တာနက်မှာ အချိန်အတော်ကြာ ရေပန်းစားနေသည်။ ပရိတ်သတ်တွေက ကောင်းချီမင်္ဂလာပေးကြသည်။ jing yang နဲ့ Regulus က နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ကြောင်း ပြောကုန်ကြသည်။

Jing yang နဲ့ Regulus စားသောက်ဆိုင်တစ်ခုမှာ စားသောက်ပြီးတော့ ကားပါကင်ကို ဆင်းလာသည်။ ထိုအချိန်မှာ လူတစ်ယောက်က သူတို့ဆီ တဟုန်ထိုးပြေးလာသည်။ သူတို့အနားမရောက်ခင်မှာ ထိုလူကို ကိုယ်ရံတော်တွေက မြေပြင်ပေါ်မှာ ဖမ်းချုပ်ကာဖိထားသည်။

Regulus က jing yang ကို ဖက်ထားပြီး ထိုလူကို ခေါ်လာဖို့ ပြောလိုက်သည်။ အနားရောက်မှ jing yang က ထိုလူကို သေချာကြည့်လိုက်တော့မှ '' Conley ''

You've reached the end of published parts.

⏰ Last updated: Sep 15, 2020 ⏰

Add this story to your Library to get notified about new parts!

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now