7.16

8.1K 1.3K 5
                                    

၃ရက်ကြာတော့ Dilumo က သတင်းစာရှင်းလင်းပွဲလုပ်သည်။ မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေ ခေါင်းမှာ ပတ်တီးကြီးနဲ့ လက်ကလည်း သိုင်းကြိုးချည်ထားသည်။ စားပွဲရှည်ကြီးရဲ့ အလယ်မှာထိုင်ပြီး သတင်းထောက်တွေ အင်တာဗျူးမှာကို စောင့်နေသည်။

Dilumo က စကားတောင် မပြောရသေးဘူး။ ပါးပေါ်မှာ မျက်ရည်တွေ စီးကျလာသည်။ သူ့နဖူးကို ဒဏ်ရာမရတဲ့လက်နဲ့ ထောက်ထားပြီး '' ကျွန်တော့် fan တွေကို တောင်းပန်ပါတယ်လို့ ပြောချင်ပါတယ်။  ဗီဒီယိုထဲမှာ ပြောခဲ့တာတွေက fan တွေကို စော်ကားချင်လို့မဟုတ်ပါဘူး။ အလုပ်မှာ ဖိအားတွေများပြီး ဒေါသပုံချမိရုံသက်သက်ပါ။ ကျွန်တော့် fan တွေကို အရမ်းချစ်ပါတယ်။ သူတို့သာမရှိရင် ကျွန်တော် အောင်မြင်မှာ မဟုတ်ဘူးလေ။ ကျွန်တော့်စိတ်က တစ်ခါတစ်လေ မတည်ငြိမ်ပဲ အလုပ်က ဖိအားတွေ မတရားခံမှုတွေကြောင့် ပေါက်ကွဲသွားတာပါ။''

" ဒါဆို chenilu နဲ့ သတင်းရဖို့အတွက် အလဲလှယ်လုပ်ခဲ့တာကရော ဘာပြောချင်သေးလဲ။'' သတင်းထောက်က မေးသည်။

" ပထမဆုံးပြောချင်တာက ဒီကိစ္စက အမှန်ပါပဲ။ ဒါပေမဲ့ အခက်ခဲတွေကြောင့် မဖြစ်မနေ လုပ်ရတာပါ။ Arthur Yang က Conley နဲ့ လမ်းခွဲပြီးတော့ ကျွန်တော့်ကို Conley နဲ့ ဖောက်ပြန်တယ်ဆိုပြီး စတူဒီယိုကနေ နှင်ထုတ်လိုက်တယ်လေ။ Conley နဲ့ ကျွန်တော် အခက်ကြုံရတယ်။ အလုပ်တစ်ခုရဖို့တောင် အရမ်းခက်ခဲခဲ့ကြတယ်။ မော်ဒယ်ဆိုတာ အလုပ်ကောင်းကောင်းရဖို့လိုတယ်။ fan တွေများဖို့လိုတယ်။ အောင်မြင်ကျော်ကြားဖို့လည်း လိုတယ်။ အဲ့အချိန်တုန်းက ကျွန်တော်က မော်ဒယ်လောကထဲ ဝင်ကာစဆိုတော့ fan တွေ သိပ်မရှိသေးဘူး။ ဒါကြောင့် သတင်းထဲ ခဏခဏပါမှ အလုပ်ရမှာလေ။'' Dilumo က မျက်ရည်တွေ ကျနေတုန်းဖြစ်ပြီး မျက်လုံးတွေတောင် နီရဲလာကာ သူ့ကြည့်ရတာ သနားစဖွယ်ကောင်းနေသည်။

သူ့စိတ်ထဲမှာ ဝမ်းနည်းဖွယ်ကောင်းတဲ့ကိစ္စတွေ တွေးပြီး ငိုနေခြင်းဖြစ်သည်။ သူက မျက်နှာကို တစ်ရှူးနဲ့သုပ်ပြီး ဆက်ပြောသည်။ '' အဲ့အချိန်တုန်းက အရမ်းခက်ခဲခဲ့တယ်။ ပိုက်ဆံမရှိ မှီခိုရမဲ့သူမရှိ တစ်နေ့ ထမင်းတစ်နပ်တောင် နပ်မမှန်ဘူး။ အသက်ရှင်ဖို့အတွက် ကောင်းကောင်းနေရဖို့အတွက် Chenilu ဆီသွားပြီး အကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့ Chenilu တောင်းဆိုတာက.....'' Dilumo က အတိတ်ဆိုးကို ပြန်သတိရနေတဲ့ပုံနဲ့ ပါးစပ်ကို လက်ကိုပိတ်ကာ ငိုနေသည်။ '' သူက ကျွန်တော့်ကို.....တခြားနည်းလမ်းလည်းမရှိတော့ သူတောင်းဆိုတာပဲ လက်ခံလိုက်ရတယ်။ မဟုတ်ရင် ကိုယ့်အဖေအရွယ်လောက်ရှိတဲ့ အဖိုးကြီးနဲ့ ဘယ်သူက အိပ်ချင်မှာတုန်း။''

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now