5.6

13.4K 1.8K 102
                                    

အနက်ရောင် အင်္ကျီနဲ့လူနားမှာ သူ့အသင်းသားတွေ ဝိုင်းရံနေပြီး ရတနာတွေကို သဘောကျနေတဲ့ အမူအရာတွေ ပေါ်လွင်နေသည်။

"Boss က ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ငွေနဲ့ပေးဝယ်လို့ မရတဲ့ နေဘာရိုက်၂ခုက လွယ်လွယ်ကူကူ ရလိုက်တယ်။"

"ပစ္စည်းတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လျှပ်စီးတွေကို အရင်ဖယ်ရဦးမယ်။ နေဘာရိုက်က လျှပ်စီးတွေကို အရင်ပြယ်အောင် လုပ်ပြီးမှ သုံးလို့ရတာတဲ့။ နည်းလမ်းကော သိရဲ့လား။"

တခြားလူတွေက သူတို့မသိကြောင်း ခေါင်းခါပြသည်။

"ဘာပဲဖြစ်ဖြစ် ပစ္စည်းတွေရလာပြီပဲ။ ဖြေးဖြေးခြင်း အသုံးပြုရမယ့်နည်းလမ်းကို စုံစမ်းကြည့်ကြတာပေါ့။ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ။ မဟုတ်ရင် ဂိမ်းကုမ္ပဏီက ဒီပစ္စည်းတွေ ဘာလို့ဂိမ်းထဲ ထည့်ထားရမှာလဲ။" ကြွက်သားတွေ ပိုပိုသာသာတောင့်နေတဲ့လူက ပြောသည်။

အနက်ရောင်လူက ရတနာတွေ space ထဲ ထည့်လိုက်တော့ jing yang က သူနဲ့မဆိုင်တော့ဘူးလို့ တွေပြီး ထွက်သွားမလို့လုပ်တော့ အနက်ရောင်လူက သူ့ဆီလျှောက်လာသည်။

Jing yang က ခဏတောင့်သွားသည်။ နောက်ဆုံးတော့ ထိုလူရဲ့မျက်နှာကို မြင်လိုက်ရသည်။ ထိုလူက အရမ်းချောတာပဲ။ တခြားကစားသမားတွေလို အတုလို့မထင်ရပေ။ ကြည့်ရတာ အပြင်က မျက်နှာနဲ့ တော်တော်တူလို့နေမှာ။

အနက်ရောင်လူက page ကို ထုတ်ပြီး ရတနာတွေကို ဝေစု၂စုခွဲကာ ၁စုကို jing yang ဆီ လွှဲပြောင်းပေးလိုက်သည်။ " လက်ခံလိုက်ပါ။"

"ကျွန်တော့်ကို ပေးတာလား။" jing yang က အံ့ဩသွားသည်။ ဒီလူက တော်တော်ရက်ရောတာပဲ သူ့ပစ္စည်းတွေထဲက တစ်ဝက်ကြီးတောင် ခွဲပေးတယ်။

"ကိုယ်တို့ အတူတူတိုက်တာလေ။ တစ်ဝက်ခွဲပေးရမှာပေါ့။"

"အိုးးးးးးး" jing yang က ကောင်းကောင်း မတုန့်ပြန်နိုင်ပေ။ အကျိုးကြောင်း မဆီလျော်တဲ့သူတွေချည်းနဲ့ ရင်ဆိုင်ခဲ့ရတော့ အကျိုးကြောင်းဆီလျော်သူနဲ့လည်း တွေ့လိုက်ရတော့ နည်းနည်းပျော်သွားသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now