7.15

8.5K 1.4K 15
                                    

Dilumo က Conley အိမ်နားမှာ ဝိုင်းနေတဲ့ သတင်းထောက်တွေကို ဂရုမစိုက်ပဲ အိမ်ထဲကို တွန်းတိုးဝင်လာသည်။

" မင်းလုပ်တာမလား။ ဗီဒီယိုတွေ မီဒီယာကို ပေးလိုက်တာ မင်းလား။'' Dilumo က Conley ကော်လံကို ဆောင့်ဆွဲပြီး မျက်နှာက ဒေါသကြောင့် ရှုံ့တွနေသည်။

" ငါ မဟုတ်ဘူး။'' Conley က Dilumo ကို တွန်းလွှတ်ပြီး ပြန်အော်သည်။ ''ငါက ဒီဗီဒီယိုတွေ မီဒီယာကို ဘာလို့ပေးရမှာလဲ။ ငါအခြေအနေက ဒီလောက်တောင် ဆိုးဝါးနေတာ မင်းကို ဖျက်ဆီးလိုက်လို့ ငါ့အတွက် ဘာအကျိုးရှိမှာလဲ။''

" ဒါဆို ဘာလို့ မီဒီယာက ဗီဒီယိုတွေ တွေ့သွားတာလဲ ပြောစမ်းပါဦး။ ပြောလေ။''

" ငါ့ဖုန်းပျောက်နေတာ တော်တော်ကြပြီ။ အဲ့နေ့က စတူဒီယိုမှာ သတင်းထောက်တွေ ငါ့ကို တွန်းတော့ ကျပျောက်သွားပြီး တစ်ယောက်ယောက် ကောက်သွားသွားတာနေမှာ။''

" မင်းလိမ်နေတာ။'' Dilumo က မယုံပေ။ '' မင်းဖုန်းကို တစ်ယောက်ယောက် ကောက်သွားတယ်ဆိုရင်တောင် ဖုန်းက ဘာလို့ အလွယ်တကူ ဖွင့်လို့ရနေတာလဲ။ မင်းကရော ဘာလို့ ခိုးပြီးရိုက်ထားတာလဲ။ ငါ့ကို အစကတည်းက ထောင်ဖမ်းချင်လို့ အကွက်ဆက်ခဲ့တာမလား။''

" ငါ့ထွက်ပေါက်ကို ရှာထားတာလေ။'' Conley က ဆိုဖာပေါ် အားလျော့စွာ ထိုင်လိုက်ပြီး မျက်နှာကို ပွတ်သပ်နေသည်။ '' ငါက မင်းကို မှီခိုပြီး ပိုက်ဆံရှာနေရတော့ တစ်ခုခုကို ဆုပ်ကိုင်ထားမှ ဖြစ်မယ်။ မဟုတ်ရင် မင်းငါ့ကို တစ်နေ့မှာ စွန့်ပစ်သွားရင် ငါအားလုံးဆုံးရှုံးသွားလိမ့်မယ်။ ဒီလိုဖြစ်လာမှန်း ငါမသိခဲ့ဘူး။ ငါလည်း မဖြစ်စေချင်ဘူး။''

" မဖြစ်စေချင်ဘူး ဟုတ်လား။'' Dilumo ရဲ့ မျက်နှာက ဒေါသကြောင့် ဖြူဆုတ်သွားသည်။ '' မဖြစ်စေချင်ရင် ဘာလို့ ဗီဒီယိုတွေ ခိုးရိုက်ထားတာလဲ။ မဖြစ်စေချင်ရင် ဘာလို့ ဗီဒိယိုတွေကို ဖော်ထုတ်လိုက်တာလဲ။ မင်းအခု ကျေနပ်ပြီမလား။ ရှင်းရှင်းလင်းလင်းပြောစမ်းပါ မင်း Arthur Yang နဲ့ ပေါင်းကြံထားတာမလား။''

" အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။ ငါ တံခါးဝကနေ ထွက်လို့တောင်မရဘူး။ ဘယ်လိုလုပ် သူနဲ့ ပေါင်းကြံလို့ရမှာလဲ။ သူက ငါ့ကို ခွင့်လွတ်ပြီး ငါနဲ့ ပူးပေါင်းမယ်များ ထင်နေလား။''

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now