5.10

15.1K 1.8K 153
                                    

(အပိုင်းအားလုံးကို uni ကော zg ကော တင်ပေးထားပါတယ်။ unicode သမားတွေ ဖတ်လို့ရပါပြီ။ နောက်ထပ် ဘာ update မှ လာမတောင်းဆိုပါနဲ့။ အားခဲ့ရင်တော့ တင်ပေးပါမယ်။ ရက်အတိအကျတော့ မပြောနိုင်ပါဘူး။)

သွေးမကောင်းဆိုးဝါးဘုရင် သေသွားပြီမလို့ ပထမမစ်ရှင်လည်း ပြီးသွားသည်။ A team က ပထမအဆင့်ကို ရရုံသာမက တခြားအသင်းတွေကိုလည်း နောက်ချန်ထားနိုင်ခဲ့သည်။

အိမ်လည်း ပြန်ရောက်တော့ jing yang က သွေးမကောင်းဆိုးဝါးဘုရင်ဆီက ရလာတဲ့ ရတနာကို လေ့လာနေသည်။ ဂိမ်းကမ္ဘာ ပြဿနာ ရှိနေတာက ဒီလို ရတနာတွေနဲ့ တိုက်ရိုက်ပတ်သက်နေသည်။ jing yang က ဒီပြဿနာကို အခုကစပြီး ဖြေရှင်းရမယ်လို့ ဆုံးဖြတ်လိုက်သည်။

Jing yang က Qi Feng ရဲ့ အခန်းတံခါးကို သွားခေါက်သည်။ Qi Feng က အပေါ်ပိုင်းဗလာကျင်းနဲ့ တံခါးဖွင့်သည်။ ခါးမှာ သဘတ်ပတ်ထားပြီး ကြည့်ရတာ ရေချိုးခန်းထဲကနေ ထွက်လာတာနေမှာ။

Jing yang က အခန်းထဲဝင်လာပေမယ့် Qi Feng ကတော့ အင်္ကျီဝတ်မဲ့ပုံ မပေါ်ပေ။ Qi Fang က jing yang ကို ရေပုလင်းပေးကာ ဘာကိစ္စရှိလဲဆိုတာ မေးသည်။

လှပတဲ့ ကြွက်သားတွေကို ကြည့်ပြီး နဂိုက ရေမဆာတဲ့ jing yang တောင် ပါးစပ်ခြောက်သလို ခံစားလာသည်။ မရှင်းပြခင် ရေဘူးအဖုံးဖွင့်ပြီး ရေနည်းနည်း သောက်လိုက်သည်။ " ကျွန်တော် သန့်စင်နေတုန်း သွေးကျောက်တုံးက ပြဿနာ တစ်ခုခုရှိနေတာကို တွေ့လိုက်တယ်။ ဂိမ်းထဲမှာ ရှိတဲ့ ပြဿနာက ဒီရတနာတွေနဲ့ ပတ်သက်နေတာနေမှာ။"

Qi Feng ရဲ့ မျက်လုံးက လေးနက်သွားပြီး " ဆက်ပြော။"

Jing yang က သူရဲ့ လက်နက်ပြင်တဲ့ ကိရိယာကို ထုတ်ကာ ချက်ချင်း ပြလိုက်သည်။

သန့်စင်နေတဲ့ လုပ်ငန်းစဉ် အတွင်းမှာ ပစ္စည်းတွေ အားလုံးတိုင်းက တန်ဖိုးအမှတ်တွေကို ပြသည်။ အဲ့ဒီမှာ ရတနာနဲ့ ပတ်သတ်တဲ့ အမှတ်တွေ ပေါင်းစပ်သွားတဲ့ အမှတ်တွေကို ပြသည်။ jing yang က သူ့စခရင်ပေါ်မှာ စာအမြန်ရိုက်လိုက်တော့ ထိုအမှတ်တွေက ကုဒ်နံပါတ်တွေ အဖြစ်ပြောင်းသွားသည်။

အဂ္ဂိရတ်ဆရာတိုင်းက ထိုကုဒ်နံပါတ်တွေကို မြင်နိုင်တယ်။ ဒါပေမဲ့ လူနည်းစုကသာ ဘယ်လိုမြင်ရမလဲဆိုတာ သိသည်။ မတော်တဆ မြင်သွားမိရင်တောင် ဘယ်သူမှ ဂရုမစိုက်ကြပေ။ ဘာဖြစ်လို့လဲဆိုတာ နားမလည်ကြလို့ ဖြစ်သည်။ jing yang က system ကို သုံးပြီး ပြဿနာ ဘယ်ကလာလဲဆိုတာ သိခဲ့ခြင်းဖြစ်သည်။ မဟုတ်ရင် နည်းပညာ ဝန်ထမ်းက ရှာမတွေ့ခဲ့ရင်တောင် သူလည်း သေချာပေါက် ရှာတွေ့မည် မဟုတ်ပေ။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now