" ဟေ့ smoke squad အသင်းလာနေပြီ။ '' Goose over က screen ကို ကြည့်ပြီးပြောသည်။ '' သူတို့တွေ နောက်ဆုံးအထိ ခေါင်းမာမယ်လို့ ထင်ထားတာ။''
Solid က ခပ်ရွံ့ရွံ့အပြုံးနဲ့ '' သူတို့တွေက သေမှာကို မကြောက်တဲ့လူတွေ မဟုတ်ပါဘူးကွာ။ ငါတို့က သေသွားတဲ့သူတွေကိုပါ ဂိမ်းထဲကနေ ကယ်လို့ရတယ်လို့ မကြောငြာထားတော့ သေချာပေါက် ငါတို့အသင်းဆီကို လာမှာပေါ့။''
" သူတို့ဘယ်လို စကားပြောမလဲဆိုတာ ကြည့်ကြတာပေါ့။'' Goose over က ဒီနေ့ဂိတ်စောင့်တာဝန်ကျတဲ့ အသင်းကို မက်စေ့ပို့ကာ လူတွေကို အထဲခေါ်လာခိုင်းသည်။
Dark flame က သူ့အသင်းသားတွေကို ခေါင်းဆောင်ကာ ဟောခန်းမထဲ ဝင်လာပြီး jing yang ကို လှည့်ပတ်ရှာနေသည်။ မတွေ့တော့ Goose over ကို မေးသည်။ '' Nuoyang ကို တွေ့ချင်လို့ပါ။ သူ့ကိုလူကိုယ်တိုင်တွေ့ပြီး တောင်းပန်ချင်လို့ပါ။''
Goose over နဲ့ Solid က အကြည့်ချင်းဖလှယ်ကြသည်။ jing yang ကို လူကိုယ်တိုင်တွေ့ခိုင်းလိုက်တာက အကြံကောင်းကဲပေါ့။ Goose over က jing yang ကို မက်စေ့ပို့သည်။ smoke squad အသင်းက မင်းကို မျက်နှာချင်းဆိုင်တွေ့ပြီး တောင်းပန်ချင်လို့တဲ့။
Jing yang က မက်စေ့ပြန်ပို့သည်။ သူ့မှာ smoke squad အသင်းကို တွေ့ဖို့ အချိန်မရှိဘူး။ Goose over က smoke squad အသင်းကို အဆင်ပြေသလို ကြည့်စီစဉ်ဖို့ သူတို့ကို နောက်ဆုံးထိ လွှတ်ပေးထားပြီး မသေစေဖို့ အထူးသဖြင့် Dark flame နဲ့ Easy nobility ကိုပေါ့။
မက်စေ့လည်းရပြီးတော့ Goose over က Dark flame ကို ပြောသည်။ '' Nuoyang မှာ မင်းကို တွေ့ဖို့အချိန်မရှိဘူး။ တစ်ဂိမ်းလုံးက ကစားသမားတွေကယ်ဖို့အတွက် အလုပ်များနေတယ်။ မင်းရဲ့ တောင်းပန်စကားက သူ့အတွက် အရေးမကြီးဘူး။''
Dark flame က '' ကျွန်တော်တို့က တောင်းပန်ဖို့လာတာဆိုတော့ Nuoyang မအားဘူးဆိုရင်လည်း မက်စေ့လေးကို ပို့ပေးပါ။''
Dark flame က page ကို ထုတ်ပြီး '' ဒီပစ္စည်းတွေက Nuoyang ပိုက်ဆံပေးပြီး ဝယ်ပေးထားတာ။ ဒါတွေအားလုံးပြန်ပေးပါမယ်။ သူသာ ခွင့်လွတ်ပေးမယ်ဆိုရင် သူတောင်းဆိုတာ ဘာမဆို လိုက်လျောပေးပါ့မယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ ပစ္စည်းတွေ အားလုံးလည်း ပေးပါ့မယ်။''.
VOUS LISEZ
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...