6.2

12K 1.6K 33
                                    

နှစ်ပေါင်းများစွာ တိုးချဲ့လာခဲ့ပြီးမှာ ဘုရားကျောင်းက အဓိက ဘုရားကျောင်း ၂ဆောင်နဲ့ အရံဘုရားကျောင်း ၆ဆောင် အဖြစ် ကြီးမားလာသည်။ အဓိက နဲ့ အရံ ဘုရားကျောင်းဆောင်တွေမှာ ဟောခန်းမတွေ ခြံဝင်းတွေ ပါရှိသည်။

Jing yang နေရတာက ခြံဝင်းသေးသေးလေး ပါတဲ့ အရံဘုရားကျောင်းဆောင်မှာ ဖြစ်ပြီး အစောင့်တွေက ဝိုင်းရံထားသည်။ စစ်သားတွေကို ဘုရင်ရဲ့ ရဲမက်တွေနဲ့ အစားထိုးခဲ့ပေမယ့် အပြင်မှာ ဒုတိယမင်းသားရဲ့ စစ်သားတွေက သူ့ကို လျို့ဝှက်စွာ စောင့်ကြည့်နေမှန်း သိသည်။

သန့်ရှင်းသွားပြီဖြစ်တဲ့ ဝတ်ရုံကို ကိုင်ပြီး jing yang က ပြတင်းပေါက်ဘေးနားမှာ ထိုင်ကာ ညရောက်လာမှာကို စောင့်နေသည်။

မီးတွေအားလုံးကို ငြိမ်းပြီးနောက် jing yang က ဝတ်ရုံကို ခြုံလိုက်ပြီး ဦးထုပ်အကြီးကြီးကို ဆောင်းကာ ဖွင့်ထားတဲ့ ပြတင်းပေါက်နေ ခုန်ထွက်ခဲ့သည်။

ခြံပြင်မှာ စောင့်နေတဲ့ စစ်သားတွေဘေးနားက ဖြတ်ပြီး ဘုရားကျောင်းထဲ လှည့်လည်သွားတော့သည်။

မင်းသားကြီး Orede က အဓိကဘုရားကျောင်းထဲမှာ နေတာဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲ နတ်ဆိုးမှော်ဝင်ပြီးနောက်မှာ သူ့စရိုက်က ပြောင်းလဲသွားပြီး မကြာခဏ စိတ်ထဖောက်ကာ ဘေးနားမှာရှိတဲ့သူတွေကို ရန်ပြုမိသည်။ jing yang သူ့ကိုရှာနေတာက သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမှော်ကို ဖယ်ထုတ်ပြီး သူနဲ့ပူးပေါင်းကာ ဒုတိယမင်းသားနဲ့ Carnia ကို ဆန့်ကျင်ဖို့ဖြစ်သည်။

အခု ရာသီဥတုက ပူနေတာကြောင့် အခန်းထဲမှာ နေတဲ့သူတွေက ပြတင်းပေါက်ဖွင့်ထားကြသည်။ ဒါက jing yang ကို အဆင်ပြေစေသည်။

Jing yang က system ကို သုံးပြီး မင်းသားကြီးနေတဲ့ အခန်းကို ရှာလိုက်သည်။ မင်းသားကြီးနေတဲ့ အဓိက ဘုရားကျောင်းရဲ့ အတွင်းဘက်နဲ့ အပြင်ဘက်မှာ မြင့်မြတ်တဲ့ စမ်းရေဖြည့်ထားတဲ့ စည်ကြီးတွေ ရှိသည်။ ဒီစမ်းရေတွေကြောင့် မင်းသားကြီး ခန္ဓာကိုယ်ထဲက နတ်ဆိုမှော်တွေ အပြင်ထွက်မသွားဘဲ ဘုရားကျောင်းထဲမှာ ရှိနေတာဖြစ်သည်။

Jing yang က အဓိကဘုရားကျောင်းထဲ ဝင်သွားသည်။ ဟောခန်းမအလယ်မှာ အရပ်ရှည်တဲ့ လူတစ်ယောက်က သူ့ကို ကျောပေးပြီး ထိုင်နေသည်။ jing yang က ကိုယ်ပျောက်ဝတ်ရုံ ဝတ်ထားကြောင့် အနားကပ်သွားသည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now