Zhang lao တို့အဖိုးကြီးတွေ စားလို့ပြီးတော့ အခန်းထဲကနေထွက်လာကြသောအခါ သူတို့နားမှာ သတင်းထောက်တွေ ဝိုင်းနေကြသည်။ လိုလိုလားလားပဲ အင်တာဗျူးကို လက်ခံလိုက်ပြီး ဒီနေ့စားရတဲ့ ဟင်းက ဘယ်လိုအရသာ ဘယ်လိုအနံ့ရှိကြောင်း ဖြေနေကြသည်။အကုန်လုံးတစ်လေသံထဲထွက်လာကြသည်။ အဲ့ဒါက ဟင်းတွေက မထင်မှတ်လောက်ကောင်းကြောင်း၊ သူတို့ကို စိတ်မပျက်စေကြောင်း၊ ၁နှစ်လုံးစာသီးသန့်အခန်းမှာထားကြောင်း ၁နှစ်ကသာ အများဆုံးမှာနိုင်ကြောင်းပြောသည်။
တခြားစားသုံးသူတွေ ဒီအကြောင်းကြားတဲ့အချိန်မှာ စားပွဲထိုးနဲ့ စကားများကုန်သည်။ သူတို့ကြတော့ အများဆုံး ၁ပတ်လုံးစာပဲရပြီး အဖိုးကြီးတွေကြတော့ ၁နှစ်စာတောင်ရတယ်။ ကွာခြားချက်က တော်တော်ကြီးမားသည်။
ဒီတစ်ခါလည်းChen rui က ထပ်ပြီးရှင်းပြရသည်။ အဖိုးကြီးတွေက စားသောက်ဆိုင်ရဲ့ နံပါတ်၁ VIP မန်ဘာ တွေဖြစ်သောကြောင့် အထူးအခွင့်အရေးခံစားရကြောင်းပြောသည်။ မပြန်သေးတဲ့ စားသုံးသူတွေက သူတို့လည်း မန်ဘာကဒ်လုပ်ချင်ကြောင်းပြောသည်။ chen rui အကျပ်ရိုက်သွားသည်။ သူတို့အားလုံး မန်ဘာတွေဖြစ်သွားလျှင် ၁နှစ်ပတ်လုံးတော့ သီးသန့်အခန်းပေးလို့မရပေ။ ဒါကြောင့် jing yang ဆီမှာ အကြံတောင်းကြည့်သည်။
Jing yang က မန်ဘာတွေကို အဆင့်၃ဆင့်ခွဲခြားပြီး မန်ဘာကြေးနှင့် ငှားရန်းချိန်တွေက အဆင့်အလိုက်ခွဲခြားပစ်ရမည်ဟုပြောသည်။ဒီလိုဆိုရင် မန်ဘာတစ်ယောက်ဖြစ်တိုင်း ကိုယ်စားချင်တဲ့အချိန်လာရောက်စားလို့ရမည် မဟုတ်တော့ပေ။
မန်ဘာကြေးတွေက အဆင့်အလိုက်ကြေးမြင့်သော်လည်း မန်ဘာဝင်ကြတဲ့လူတွေက မရပ်ဆိုင်းသွားပေ။ အနာဂတ်မှာ Jing yang ဆိုင်ခွဲပေါင်း ၂၀ဖွင့်သောအခါ မန်ဘာဝင်ထားတဲ့လူတွေသာ စားလို့ရမည်ဖြစ်သည်။ ဒါပေမဲ့ အနာဂတ်ကိုပဲပြောသေးတာ လက်ရှိကိုတော့ မပြောသေးဘူး။
VOUS LISEZ
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...