6.10

10.9K 1.4K 7
                                    

Louis နဲ့ ပြည်သူ့ဝန်ထမ်းတွေ အဖမ်းခံရတော့ Orede က စစ်တပ်ကို တရားဝင်ခေါ်ယူဖို့ အကြောင်းပြချက်ရသွားသည်။၂ရက်အတွင်းမှာ နတ်ဆိုးတွေ အပိုင်စီးထားတဲ့ မြို့၃မြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

နတ်ဆိုးဘုရင်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး Orede နဲ့ ရင်ဆိုင်တွေ့သည်။ Louis နဲ့ ပြည်သူ့ဝန်ထမ်းတွေကို နတ်ဆိုးတပ်ရဲ့ရှေ့မှာ ဓားစာခံအဖြစ် ထားထားသည်။

" Orede မင်းက တော်တော်ကံကောင်းတာပဲ။ နတ်ဆိုးသွေးကြောင့် ဒဏ်ရာရတာကိုတောင် ပြန်ကောင်းလာနိုင်သေးတယ်။'' နတ်ဆိုဘုရင်က Orede ကို ဟိုးအဝေးကနေ ကြည့်ပြီးပြောသည်။ Orede ကောင်းသွားတာကို သူ့မျက်လုံးနဲ့ တပ်အပ်မြင်လိုက်တော့ တုန်လှုပ်သွားသည်။

" ငါ့ကံက ကောင်းတယ်။'' Orede က နတ်ဆိုးဘုရင်ကို ဂုဏ်ယူစွာပြောသည်။ '' မင်းကံကတော့ ဆိုးတော့မယ်။''

" ဟွန့်....ဘဝင်မြင့်တဲ့ပုံက လုံးဝပြောင်းမလဲသေးဘူးပဲ။ ငါ့လက်ထဲမှာ တစ်ခါရှုံးဖူးတယ်ဆိုတာ မေ့နေပြီ ထင်တယ်။''

" ငါက တစ်ခါပဲ ရှုံးဖူးတာ။ မင်းကမှ ငါ့ဆီမှာ အကြိမ်ပေါင်းများစွာ ရှုံးဖူးတာ။ နှစ်ပေါင်းများစွာ ကောင်းကောင်းမွန်မွန် မနေခဲ့ရတော့ ငါရှုံးဖို့အတွက် မင်းဘယ်လောက်ထိ ပေးဆပ်ခဲ့ရသလဲဆိုတာ မေ့သွားပြီထင်တယ်။'' Orede က အေးစက်စက် ပြုံးလိုက်သည်။ '' မင်းရဲ့ နတ်ဆိုးသွေးပုလဲက သုံးလို့ရော ရသေးရဲ့လား။''

Orede စကားက ဓားသွားလို့ Davis ရင်ထဲ လာစိုက်သည်။ Orede နဲ့ Sylvie ရဲ့ အဖိုးကို ရင်ဆိုင်ဖို့အတွက် နတ်ဆိုးသွေးပုလဲက သွေးစက်သုံးစက်လုံး သုံးလိုက်ရပြီး Sylvie အဖိုးသေသွားပြီး Orede ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေသည်။

နတ်ဆိုးသွေးပုလဲထဲက သွေးစက်ကုန်သွားခြင်းက နတ်ဆိုးဘုရင်ရဲ့ မှော်အစွမ်းကို ထိခိုက်စေရုံသာမက နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကိုလည်း သက်ရောက်စေသည်။ Orede နဲ့ သူတော်စင်လည်း သေသွားမယ်။ ဘာပါဝါမှမရှိတဲ့ ဒုတိယမင်းသားတစ်ယောက်တည်း ကျန်ခဲ့ပြီး သူတော်စင်အသစ်ကလည်း သူ့လူပ။ဲ ဒါကြောင့် နတ်ဆိုးသွေးကို သုံးလိုက်ရတာ တန်တယ်လို့ ထင်ခဲ့သည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now