3.7

15.8K 1.9K 68
                                    

တောနက်​ထဲမှာ ရှိတဲ့ အပင်​​တွေက ထူးခြားပြီး ပုံမှန်​​တွေ့​နေကြမဟုတ်​ဘူး။ တစ်​ချို့အပင်​​တွေက ထူးခြားတဲ့ ပုံပန်းသဏ္ဌာန်​ရှိပြီး တစ်​ချို့ကြ​တော့လှပ​ပေမယ့်​ သူတို့လှပပုံက တစ်​မျိုး ထူးဆန်းသည်​။ ဒီအပင်​​တွေကိုကြည့်​ပြီး လူ​တွေက အနားကပ်​ဖို့​တောင်​ မဝံ့ရဲကြဘူး။

jing yang တို့အဖွဲ့က ​တောထဲဝင်​တာ သူများ​တွေထက်​​နောက်​ကျ​ပေမယ့်​ ​စောပြီး​တောထဲဝင်​တဲ့ အဖွဲ့​တွေထက်​ ​ရှေ့ပို​ရောက်​​နေသည်​။ဘာဖြစ်​လို့လဲဆို​တော့ တခြားအဖွဲ့​တွေက ​တောထဲဝင်​တာနဲ့ လမ်း​ပျောက်​​နေကြပြီး တဝဲလည်​လည်​ဖြစ်​ကာ လမ်းကို မှန်းကာသွား​နေရတာ​ကြောင့်​ ဖြစ်​သည်​။

jing yang အဖွဲ့က ခါးမှာ ဝါးခွက်​​တွေ ချိ​တ်​ထားကြပြီး သူတို့လမ်းကို ပိတ်​​နေတဲ့ မြက်​ပင်​​တွေ ​ပေါင်းပင်​​တွေဖယ်​ကာ သွားကြသည်​။

" ဒီ​တောထဲက အသီး​တွေက စားလို့မရဘူးဆိုတာ ​သေချာလား။" Jake က လှပတဲ့အသီး​တွေကိုကြည့်​လိုက်​​ပေမယ့်​ စားချင်​တဲ့ စိတ်​​တော့မရှိဘူး။ စားလိုက်​ရင်​ အဆိပ်​မိမှာစိုးလို့ဖြစ်​သည်​။ သူတို့ဒီ​လောက်​ ​ဝေး​ဝေး​လျှောက်​လာတာ​တောင်​ ပုံမှန်​အသီးလိုမျိုး မ​တွေ့​သေးဘူး။

jing yang က အစိမ်း​ရောင်​ အသီးတစ်​ခိုင်​ကို ခူးလိုက်​ပြီး " ဒီအသီးမျိုးက အစိမ်း​ရောင်​ဖြစ်​​နေရင်​ စားလို့ရ​ပေမယ့်​ အနီ​ရောင်​ဒါမှမဟုတ်​ အဝါ​ရောင်​​ပြောင်းသွားပြီဆိုရင်​ စားလို့မရ​တော့ဘူး။ စားရင်​ တစ်​ကိုယ်​လုံး အင်​ပျဉ်​​တွေ ထွက်​လာလိမ့်​မယ်​။"

Jake က တစ်​လုံး​လောက်​စားကြည့်​​တော့ ချိုချိုချဉ်​ချဉ်​​လေးနဲ့ ထူးခြား​နေသည်​။" အရသာရှိလိုက်​တာ။"

jing yang က သူတို့ကို တစ်​ချို့​ပေးပြီး ကျန်​တာ​တွေ လွှတ်​ပစ်​လိုက်​သည်​။" ဒီအသီးကို နည်းနည်းစားရင်​ ဘာမှမဖြစ်​​ပေမယ့်​ အများကြီးစားမယ်​ဆို ပါးစပ်​နာလာလိမ့်​မယ်​။"

Danny က သွား​တွေနဲ့ တူတဲ့ အသီးတစ်​လုံးကို​တွေ့​တော့ မကိုင်​ရဲ​ပေမယ့်​ အနားကပ်​ကာ ကြည့်​ရင်း " ဒီအပင်​က ဘာလဲ။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now