3.9

16.3K 2K 53
                                    

မ​နေ့ညက ​Danny က လွဲလို့ မြွေးမြှီးထိုးခံရတဲ့လူ​တွေရဲ့ ဒဏ်​ရာက ပြည်​တည်​ကာ အနာရင်းလာသည်​။ ထပ်​ပြီး​တော့ အဆိပ်​ပြင်းအင်းဆက်​​တွေကိုက်​ခံရတာ​ကြောင့်​ အဖုအပိန့်​​တွေလည်း ထွက်​​နေသည်​။တစ်​ချို့လူ​တွေက အနာ​ဟောင်း​ပေါ် အနာသစ်​ထပ်​ဖြစ်​တာ​ကြောင့်​ ပြိုင်​ပွဲကို ​ဆက်​ပြီး ပြိုင်​ဖို့အားမရှိကြ​ပေ။ လှုပ်​ရှားဖို့​တောင်​ အားမရှိ​တော့တဲ့လူ​တွေက သစ်​ပင်​​ခြေ​ရင်းမှာထိုင်​ကာ ဒီ​နေ့ကိုရ​အောင်​ ​တောင့်​ခံပြီး ​နောက်​မှယာဉ်​ပျံ​ပေါ်မှာ ​ဆေးကုသခံ​တော့မယ်​ဟု ဆုံးဖြတ်​လိုက်​သည်​။

Danny က ဒဏ်​ရာအပြင်းထန်​ဆုံး ရထားတဲ့ Cove ဆီကို သွားသည်​။ " မင်း​ခြေ​ထောက်​ကေ​တာ်​​တော်​ဆိုးတာပဲ။ မင်း​တောင့်​ခံနိုင်​​သေးလို့လား။ ဆုရဖို့အတွက်​နဲ့ ​ခြေ​ထောက်​ဆုံးရှုံးရမှာ မတန်​ပါဘူး။"

Cove ရဲ့ မျက်​နှာက တွန့်​ရှုံ့​နေသည်​။ ယာဉ်​ပျံ​ပေါ်သွားဖို့အတွက်​ တစ်​​နေ့နဲ့ တစ်​ည​တောင်​ ​စောင့်​ရဦးမယ်​။ ​နေ့ဘက်​က ကိစ္စမရှိ​ပေမယ့်​ ညကြရင်​ ​တော်​​တော်​ ဒုက္ခ​ရောက်​တယ်​။ မ​နေ့ညက ခုန်​ပြီး အင်း​ဆက်​​တွေကို ​ခြောက်​လန့်​​နေရလို့ ဒီမနက်​မှာ ​ခြေ​ထောက်​ ဒဏ်​ရာပိုဆိုးသွားခြင်းဖြစ်​သည်​။ဆုရဖို့အတွက်​ ​ခြေ​ထောက်​တစ်​ဖက်​​ပေးဆပ်​ရမယ်​ဆိုတာ ​တော်​​တော်​မတန်​ဘူး။ခြေတုတပ်​တယ်​ဆိုတာလည်း ​​ဈေးကြီးပြီး ကိုယ့်​ရဲ့ မူလ​ခြေ​ထောက်​​လောက်​ အသုံးမဝင်​​ပေ။ ဒါ​ပေမဲ့လည်း ဒီအ​ခြေအ​နေထိ ​ရောက်​လာပြီးမှ ပြိုင်​ပွဲကို လက်​မ​လျော့ချင်​ဘူး။

" မင်း​ခြေ​ထောက်​​ရော ဘယ်​လို​နေလဲ။" Cove က Danny ကို သံသယရှိစွာ​မေးသည်​။

" ​ပျောက်​သွားပြီ​လေ။ လမ်း​လျှောက်​ရတာ ဘာပြဿနာမှမဖြစ်​ဘူး။ ​ပြေးလို့လည်းရတယ်​။ ခုန်​လို့လည်းရတယ်​။" Danny က သူ့​ဘောင်းဘီကို လိပ်​တင်​ကာ ​ပျောက်​သွားတဲ့ ဒဏ်​ရာကို ပြသည်​။ ပြီး​တော့ ဝမ်းနည်းတဲ့​လေသံနဲ့ "မင်းတို့မ​နေ့က Milton ​ဖော်​​ပေးတဲ့ ​ဆေးကိုသာလိမ်းရင်​ ဒီ​လောက်​ထိ အ​ခြေအ​နေဆိုးမှာ မဟုတ်​ဘူး။ ကံဆိုးတာက"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now