7.11

9.3K 1.6K 15
                                    

ရှိုးပွဲနေ့မှာ အရာအားလုံးက ကြီးကျယ်ခမ်းနားနေသည်။ ကျော်ကြားတဲ့ ဖက်ရှင် cele တွေသာမက သတင်းထောက်တွေပါ လာရောက်ကြသည်။ ဟောခန်းမကြီးက လူတွေနဲ့ ပြည့်နေသည်။

Regulus နဲ့ McDonnell က စင်နဲ့နီးတဲ့ ရှေ့ဆုံးခုံမှာ နေရာယူထိုင်နေကြပြီး ပွဲတောင် မစသေးဘူး သတင်းထောက်တွေက Regulus ကို ဓာတ်ပုံရိုက်ကြသည်။

စင်နောက်မှာ မော်ဒယ်တွေ အားလုံးက စိတ်လှုပ်ရှားစွာ ပြင်ဆင်နေကြသည်။ jing yang က ဝတ်စုံတော်တော်များများကို မော်ဒယ်ပြရမှာမလို့ သူ့နားမှာ အလုပ်သမား သုံးလေးယောက် ဝိုင်းနေကြသည်။ တစ်ယောက်က jing yang ဝတ်စုံတွေကို စီမံနေပြီး နောက်တစ်ယောက်က jing yang ဆံပင်နဲ့ မိတ်ကပ်အပြင်အဆင် ကိုကြည့်နေသည်။ နောက်နှစ်ယောက်က jing yang ကို အဝတ်ကို ကူပြီး ဝတ်ပေးနေကြသည်။

Dilumo က ဝတ်စုံနှစ်စုံကိုပဲ မော်ဒယ်ပြရပြီး ပွဲတစ်ခုလုံးမှာ အလုပ်မရှိဆုံးသူဖြစ်သည်။ ထိုသို့ဖြစ်နေတာက သူ့ကို အရှက်ရစေသည်။

Dilumo က အလယ်ကနေ ထွက်ရမှာဖြစ်တဲ့အတွက် အစွန်မှာရပ်နေပြီး အားလုံးက သူ့အလုပ်သူလုပ်နေကြသည်။ ကင်မရာတွေက သူ့ကိုမရိုက်မှန်းသိတော့ jing yang ကို ပြောင်ပြောင်တင်းတင်းကြည့်နေသည်။ သူ ဒီပြိုင်ပွဲကို ဝင်တာက Fernelea ရဲ့ တစ်သက်တာမော်ဒယ်ဖြစ်ချင်လို့ အခုတော့ သူအောင်မြင်ဖို့လမ်းကြောင်းက တော်တော်နည်းနေတယ်။ သူသာ ကျရှုံးခဲ့ရင် နောက်ထပ်ဒီလိုအခွင့်အရေးမျိုးရရှိဖို့ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် အခုလက်ရှိအခြေအနေကို မဖြစ်မနေ ပြောင်းပစ်ရမယ်။ ဒါတွေအားလုံးကို Arthur Yang ကနေ စရင် အဆင်အပြေဆုံး အထိရောက်ဆုံးဆိုတာ သူနဲ့ Conely ခံစားမိသည်။

ဒီတစ်ခါ ရှိုးက လုံးဝကို အောင်မြင်သွားသည်။ jing yang က ဝတ်စုံတွေကို လှပစွာ မော်ဒယ်ပြနိုင်ခဲ့ပြီး ဝတ်စုံတွေရဲ့ ကျက်သရေရှိမှု သက်တောင့်သက်သာရှိမှုတွေကို ထုတ်ဖော်ပြနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ ဝတ်ထားတဲ့ ဝတ်စုံတွေက ကျက်သရေရှိပြီး အရည်အသွေးကောင်းတယ်ဆိုတာကို လူပြိန်းကတောင် မြင်နိုင်သည်။

McDonnell က တခြားဒီဇိုင်နာတွေရဲ့ မျက်လုံးကိုမြင်တော့ ကျေနပ်နေပြီး ဂုဏ်ယူမိသည်။ ဒီတစ်ခါဝတ်စုံဒီဇိုင်းတွေပေါ်မှာ သူ့အတွေးတွေ အများကြီး ထည့်ထားသည်။ Arthur Yang နဲ့ Regulus က ဆက်ဆံရေးရှိပေမယ့် Arthur ရဲ့ အရည်အချင်း ကျွမ်းကျင်မှုတွေက ပထမတန်းစားလို့ ဆိုနိုင်ပြီး ထိပ်တန်းစူပါမော်ဒယ်တွေထက် တန်းတူလို့ဆိုနိုင်သည်။ တော်သေးတာပေါ့ ပြိုင်ပွဲထဲမှာ Arthur Yang လို မော်ဒယ်မျိုးတွေ ရှိနေသေးလို့ Dilumo လို မော်ဒယ်မျိုးတွေချည်းသာ ဆိုရင်တော့ သူကျခဲ့တဲ့ သွေး ချွေး မျက်ရည်တွေက အလကားဖြစ်ပြီ။ သူ Arthur Yang ကို ခေါင်းဆောင်မော်ဒယ်အဖြစ် ရွေးလိုက်တာ မှန်သွားတယ်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now