3.3

14.8K 1.8K 85
                                    

Jing yang က သစ်​ပင်​​ပေါ်မှာ အလုပ်​များ​နေပြီး အိမ်​ဆောက်​ပြီးသွား​တော့ ကြိုး​လှေကားကို ချလိုက်​သည်​။ သစ်​ပင်​​ပေါ်က ဆင်းပြီး​တော့ ဘီး​တွေကို လှည်းမှာပြန်​တပ်​လိုက်​သည်​။ ပြီး​တော့ တွန်းလှည်းကို ယူပြီး ​တောထဲပြန်​ဝင်​သွားသည်​။

jing yang ထွက်​သွား​တော့မှ တခြားလူ​တွေက သူတို့ကိစ္စသူတို့ အာရုံစိုက်​နိုင်​​တော့သည်​။ သူတို့ jing yang အိမ်​​ဆောက်​တာကို ကြည့်​​နေတာ အချိ​န်​​တွေ အ​တော်​ကုန်​သွားသည်​။ သူတို့၃​ယောက်​လုပ်​​နေတဲ့ အလုပ်​က ၁​ယောက်​လုပ်​​နေတဲ့နှုန်းကို လိုက်​မမှီဘူး။ သူတို့​တွေအကုန်​လုံး အလုပ်​အမြန်​ပြီး​အောင်​ အရှိန်​မြင့်​ပြီးလုပ်​ကြ​ပေမယ့်​ သူတို့ခန္ဓာကိုယ်​​တွေက ပင်​ပန်း​နေတာ​ကြောင့်​ မနက်​က​လောက်​ အလုပ်​မတွင်​​တော့​ပေ။

Jing yang က ​တောထဲက​နေပြန်​ထွက်​လာပြီး အိမ်​​ပေါ်ပြန်​တက်​ကာ ကြမ်းပြင်​ကို ​မြက်​​ခြောက်​​တွေဖြန့်​ခင်းထားလိုက်​သည်​။်​။ပြီး​တော့ မြက်​​ခြောက်​​တွေ​ပေါ်မှာ ပိုးသားကဲ့သို့ နူးညံ့တဲ့ သစ်​ရွက်​တစ်​မျိုးကိုပါ ခင်းလိုက်​သည်​။ ဒါဆိုအိပ်​ရတာ ​တော်​​တော်​သက်​​တောင့်​သက်​သာ ရှိမှာဘဲ။

ကြိုး​လှေကားနဲ့ သစ်​ပင်​​အောက်​ပြန်​ဆင်းပြီး ဖမ်းမိလာတဲ့ ​ရွှေ​ရောင်​ရစ်​ငှက်​ကို အ​မွေးနုတ်​ ပင်​လယ်​​ရေနဲ့ ​ဆေးပြီး အ​မွှေးအကြိုင်​​တွေနဲ့ နှပ်​ထားလိုက်​သည်​။ပြီး​တော့ သစ်​ရွက်​နဲ့​သေချာထုပ်​ပြီး ရွံ့​​တွေနဲ့အုံထားလိုက်​သည်​။ ရွံ့အုံထားတဲ့​ပေါ်မှာ မီး​ဖိုလိုက်​ပြီး အသီး​တွေကို အခွံနွှာကာ အသုပ်​လုပ်​ဖို့ပြင်​​နေသည်​။

jing yang ညစာချက်​​နေတာလည်း မြင်​​ရော တခြားသူ​တွေကလည်း အလုပ်​ကို အမြန်​လက်​စသက်​ပြီး ​တောထဲသွားကာ စားစရာရှာ​ဖွေ​တော့သည်​။ သူတို့ လက်​စသက်​တယ်​ဆိုတာက အိမ်​ကို ဖြစ်​ကတကဆန်း​ဆောက်​ထားတာကို အလုပ်​ပြီးတယ်​လို့ ထင်​​နေခြင်းဖြစ်​သည်​။

Kedi တို့အသင်းက ​အဖြူ​ရောင်​အ​မွေးကြက်​ကို ဖမ်းမိပြီး တခြားအသင်း​တွေက ​လျှော်​ပင်​အ​မွေးကြက်​ကို ဖမ်းမိကြသည်​။ အသားချည်းပဲစားရင်​ အရသာမ​ကောင်းမှာစိုးလို့ သစ်​သီး​တွေပါ ခူးလာကြသည်​။ ဒါ​ပေမဲ့ သူတို့အားလုံးက တစ်​​နေကုန်​ပင်​ပန်းထားကြ​တော့ မီး​မွှေးဖို့ အားမရှိ​တော့​ပေ။ jing yang ဆီကလည်း မီးသွား​မ​တောင်းချင်​ကြဘူး။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now