ကွန်မန်ဒါ Yang ကိုကြိုဆိုတဲ့ပွဲလို့သာ အမည်ခံပေမယ့် တကယ့် အမှန်က Li မြို့က အရာရှိ wei ကိုထောက်ခံတယ်ဆိုတဲ့ ပြပွဲသာဖြစ်သည်။ ကွန်မန်ဒါ Yang ကသာ Li မြို့ကို သိမ်းချင်တယ်ဆို ဘာတတ်နိုင်မလဲ။
wei tianxiong က ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲတဲ့သူဖြစ်သောကြောင့် Li မြိုကလူတွေက သူ့ဘက်ပါမယ်လို့သာထင်သည်။ ဒါပေမဲ့ လူမြို့ကလူတွေက သူ့ကိုမြောက်ပင့်ပြောဆိုပြီး သစ္စာခံနေခြင်းသာဖြစ်သည်။
wei tianxiong က Fairview ပြဇာတ်ရုံကိုဖိတ်ခေါ်ထားတာကြောင့် cheng jiaming ဟာ မကျေနပ်ဘူး။ တစ်မြို့လုံးက Boss Jun က Boss cheng ထက်ကောင်းတယ်လို့ပြောနေကြပေမယ့် သူလုံးဝလက်မခံနိုင်ဘူး။
Cheng jiaming က wei tianxiong ကို အချိုသတ်လှည်းဖြားထားတာကြောင့် အရာရှိအိမ်တော်ကို လာပြီး ပြဇာတ်ကခွင့်ရသည်။ သူ့ရဲ့အကျော်ကြားဆုံးပြဇာတ် ' အောင်နိုင်သူက သူ့ရဲ့အချစ်ဆုံးကိုယ်လုပ်တော်ကို နှုတ်ဆတ်ခြင်း' ပြဇာတ်ကို ကမှာဖြစ်သည်။ ဘယ်လိုလဲ Boss Jun က သူ့ထက်ကောင်းနိုင်ဦးမှာလား။
Boss Jun က သူ့မျက်နှာကို ထုတ်မပြရဲတာ ရုပ်ဆိုးလို့ မိတ်ကပ်နဲ့ ဖုံးထားတာလို့ cheng jiaming ထင်သည်။ ဒီနေ့ wei tianxiong က Boss Jun သရုပ်မှန်ဖော်ထုတ်အောင်လုပ်တော့မှာဆိုတော့ Boss Jun မျက်နှာက ဘယ်လိုလဲဆိုတာ သိချင်တယ်။
Yang wangkun အရာရှိအိမ်တော်ကို ရောက်လာတဲ့ အချိန်မှာ wei tianxiong ကိုယ်တိုင် ပန်းခြံထဲမှာ ကြိုဆိုနှုတ်ဆတ်သည်။ သူတို၂ယောက် စားပွဲ၁လုံးမှာ ဝင်ထိုင်နေတော့ ဧည့်သည်တွေလည်း တစ်ယောက်ပြီးတစ်ယောက် စားပွဲတွေမှာ ဝင်ထိုင်တော့သည်။
Wei tianxiong က မတ်တပ်ရပ်ပြီး လက်ခုပ်၃ချက်တီးကာ " စားပွဲစတင်တော့။" ဆိုပြီး အမိန့်ပေးလိုက်သည်။
စားစရာတွေ နဲ့ ဝိုင်တွေကို ပြင်ဆင်နေတုန်းမှာ စင်ပေါ်မှာလည်း ပြဇာတ်စကတော့သည်။ Cheng jiaming က သီချင်းစတင်ဆိုတဲ့ အချိန်မှာ လက်ခုပ်သံ တခဲနက်ကြားရသည်။wei tianxiong ကပါ လက်ခုပ်တီးပြီး ခေါင်းညိမ့်နေသည်။ Yang wangkun တစ်ယောက်ပဲ မျက်နှာအမူအရာက မပြောင်းလဲဘူး။
BINABASA MO ANG
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...