3.4

15.3K 1.9K 80
                                    

Ruth က ဒုတိယ​နေ့မှာ ပြိုင်​ရမယ့်​ ပြိုင်​ပွဲအ​ကြောင်း​ပြောသည်​။ "ဒီ​နေ့လုပ်​ရမယ့်​ မစ်​ရှင်​၂ခုရှိတယ်​။ တစ်​ခုက ကိုယ်​အိမ်​ကို ပြန်​ပြင်​​ဆောက်​ရမယ်​။ ​နောက်​တစ်​ခုက ကိုယ်​ကိုတိုင်​ လက်​မှုပစ္စည်းလုပ်​ရပါမယ်​။ ရှင်​တို့​ရှေ့မှာ ရှိ​နေတဲ့ ပင်​လယ်​ကြီးက လှပတဲ့ ပစ္စည်း​တွေ ပြည့်​​နေပါတယ်​။ ရှင်​တို့ကိုယ်​စွမ်းကိုယ်​စကို သုံးပြီး ရယူရပါမယ်​။အာရုံစိုက်​ကြပါ ရှင်​တို့ တစ်​​ယောက်​ချင်းဆီက လက်​မှုပစ္စည်းကို လုပ်​ရမှာပါ။ အဲ့လက်​မှုပစ္စည်းကို ရှင်​တို့ဘာသာ သိမ်းထားလို့လည်းရတယ်​။ မသိမ်းထားချင်​ရင်​ ကျွန်​မတို့ကို​ပေးလိုက်​ ကျွန်​မတို့က ပရိတ်​သတ်​​တွေကို မဲနိုက်​ပြီး ​ပေးလိုက်​မှာပါ။ မနက်​ဖြန်​ကြရင်​ ကျွန်​မတို့ပြန်​လာမှာပါ။ ဒါနဲ့ သတိ​ပေးလိုက်​မယ်​ ဒီ​နေ့ညကြရင်​ ပိုပြီးကြီးမားတဲ့ Surprise ရှိတယ်​ဆိုပါပဲ။"

ဒိုင်​​တွေနဲ့ Ruth ထွက်​သွား​တော့ jing yang ​တောထဲပြန်​ဝင်​ပြီး ​သေးပြီးခိုင်​မာတဲ့ နွယ်​ပင်​​တွေရှာကာ ပိုက်​ကွန်​လုပ်​​တော့သည်​။

Jake က သူ့​နောက်​က​နေလိုက်​လာပြီး ဘာလုပ်​လို့လုပ်​ရမှန်း မသိဘူး။ ဒါ​ကြောင့်​ jing yang ကို ​မေးလိုက်​သည်​။ " ကျွန်​​တော်​ အကူအညီ​ပေးနိုင်​တာရှိလား။"

" မလိုဘူး။ ပြီး​တော့မယ်​။"jing yang က ပြန်​​ဖြေသည်​။

Jake က ပိုက်​ကွန်​ရက်​​နေတဲ့ လက်​​လေး​တွေကို ကြည့်​​နေရင်း တုန့်​ဆိုင်း​နေသည်​။ ပြီး​တော့မှ​ပြောသည်​။" မ​နေ့က ကိစ္စနဲ့ပတ်​သက်​ပြီး ​တောင်းပန်​ပါတယ်​။"

" ဘယ်​ကိစ္စလဲ။"

" ငါတို့၃​ယောက်​ပဲ ကျန်​​တော့တာ​လေ။ မင်းတစ်​​ယောက်​ထဲကိုပဲ သက်​သက်​တစ်​သင်းထဲ ဖြစ်​​စေခဲ့တယ်​။"

" မင်း​တောင်းပန်​စရာ မလိုပါဘူး။" Jing yang က ဂရုမစိုက်​သလို ​ပြောသည်​။ " အားလုံးမှာ လွတ်​လပ်​စွာ ​ရွေး​ချယ်​ခွင့်​ရှိပါတယ်​။"

" ဒါဆို ကျွန်​​တော်​ ခင်​ဗျားနဲ့ အသင်းဖွဲ့ချင်​တယ်​ ရလား။" Jake က တိုး​တိုး​လေး​ပြောသည်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now