6.8

10.9K 1.4K 16
                                    

Louis နဲ့ Carnia က စစ်သားတွေခေါ်ပြီး မြို့၃မြို့က နတ်ဆိုးတွေကို နှင်ထုတ်ဖို့သွားသည်။ သို့သော်ငြားလည်း နတ်ဆိုးတွေက အရမ်းခုခံသည်။ နယ်စပ်ဂိတ်မှာ ထားထားတဲ့ စစ်သားတွေကလည်း Barron က နတ်ဆိုးတွေကို မတိုက်ခိုက်ဖို့ အမိန့်ပေးထားတော့ တိုက်ခိုက်စွမ်းရည်တွေ ပျောက်ဆုံးနေသည်။

ပထမဆုံး နှင်ထုတ်တဲ့ မစ်ရှင်က ကျရှုံးသည်။ နတ်ဆိုးဘုရင်က သူ နတ်ဆိုးတွေကို နှင်ထုတ်မယ့်ကိစ္စကို သိသေးဘူးထင်လို့ Carnia ကတော့ စိတ်မပူပေ။

သူ့အခန်းကို ပြန်လာတဲ့လမ်းမှာ Carnia က Barron ကို တွေ့လိုက်ရသည်။

Barron က Carnia ကိုလည်း မြင့ရော အနားရောက်လာကာ မျက်စောင်းထိုးသည်။ '' သူတော်...မဟုတ်သေးဘူး။ မင်းက သူတော်စင်မဟုတ်တော့ဘူး။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး စိတ်မကောင်းပါဘူး။ မင်းကို နှစ်ပေါင်းများစွာ မတွေ့တာကြာတော့ ပိုပြီး ကြည့်ကောင်းလာတယ်။''

Carnia က အဆီပြန်နေတဲ့ မျက်နှာနဲ့ ဝနေတဲ့ ခန္ဓာကိုယ်အပြင် သူ့ကို နှာဘူးအကြည့်နဲ့ကြည့်နေတဲ့ Barron ကို အင်မတန်ရွံရှာမိသည်။ '' ထွက်သွားစမ်းပါ။''

Barron က Carnia ကို အချိန်အတော်ကြာအောင် တပ်မက်နေပေမယ့်လည်း Carnia က သူတော်စင်မဟုတ်တော့တောင် ဒုတိယမင်းသားရဲ့ လူဖြစ်နေတာကြောင့် မထိရဲပေ။

Carnia က Barron ကို ကျော်သွားပြီးတော့မှ အကြံတစ်ခုစဉ်းစားမိလို့ ရပ်သွားသည်။

" လာခဲ့။'' Carnia က Barron ကို ခေါ်လိုက်သည်။

Barron က ချက်ချင်းပဲ Carnia ရှေ့ရောက်လာသည်။

" တအားကြီးကပ်ဖို့ မလိုဘူး။'' Carnia က နောက်တစ်လှမ်းဆုတ်ပြီး သူ့အစေခံက်ု ပြောလိုက်သည်။ '' မင်း ဝေးဝေးသွား''

" ငါမင်းကို မေးမယ်။'' Carnia က Barron ကို တိုးတိုးလေးပြောသည်။ '' Orede နားမှာ ရှိနေတဲ့ Sylvie ကို ဘယ်လိုထင်လဲ။''

" အရမ်းကြည့်ကောင်းတယ်။ မင်းနဲ့ ယှဉ်ရင်တောင် သူက ပိုပြီး.....'' Barron က သူ့စကားတောင် မပြီးသေးဘူး Carnia မျက်နှာက တမျိုးကြီး ဖြစ်လာတာကြောင့် စကားပြောင်းလိုက်ရသည်။ '' ပိုပြီးတော့ ရုပ်ဆိုးပေမယ့် ကြည့်ကောင်းပါတယ်။''

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now