7.10

8.9K 1.5K 13
                                    

နောက်နေ့ ရီဟာဇယ်မှာ Regulus က jing yang ကို အဖော်ပြုပေးနေသည်။ ရီဟာဇယ် မစခင်မှာ နှစ်ယောက်သား ဧည့်ခန်းမှာ ထိုင်ပြီး နားနေကြသည်။

Jing yang က Regulus ရင်ခွင်ထဲမှာ မှီနေပြီး Regulus က jing yang ကို နောက်ကနေ ဖက်ထားပြီး သူတို့ကုမ္ပဏီက အသစ်ထွက်တဲ့ ဂိမ်းကို ဘယ်လိုဆော့ရမလဲဆိုတာ သင်ပြနေသည်။

McDonnell က တံခါးခေါက်ပြီး အထဲဝင်လာတော့ အထဲက လူနှစ်ယောက် အနေအတထားကြောင့် သီးတော့မလိုဖြစ်သွားသည်။

Regulus က McDonnell ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့ကာ jing yang ကို ဆက်ပြီး သင်ပြသည်။ " ဒီမှာ ထိုင်လေ။''

McDonnell က မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်ပြီး '' Boss ကျွန်တော့်ကို ခေါ်သေးလား။''

" ဒီတစ်ခါပြမယ့် show က မော်ဒယ်တွေနဲ့ ပတ်သက်ပြီး မင်းမကျေနပ်တာ ငါသိတယ်။ ဒါပေမဲ့ ဒီလူတွေအားလုံးကို သုံးရမယ်။ မော်ဒယ်တွေနဲ့ ပတ်သက်ပြီး မင်းကြိုက်သလောက် အပြစ်ပြောလို့ရတယ်။ ဒါပေမဲ့ ငါ့လူကို လာထိလို့ကတော့ မင်း အကျိုးဆက်ကို သိတယ်နော်။''

Regulus က McDonnell ကို ကြည့်ပြီး '' ငါပြောတာ နားလည်လား။''

" ကျွန်တော်နားလည်ပါတယ် Boss ''

" ဒါဆို သွားတော့။'' Regulus က အောက်ငုံ့ကြည့်တော့ jing yang က game level အောင်သွားတာကို တွေ့ပြီး ပါးကို နမ်းလိုက်သည်။ '' တော်တယ်။''

Jing yang က ဂုဏ်ယူစွာ ပြုံးလိုက်ပြီး မကျေမနပ်ဖြစ်နေတဲ့ အသံနဲ့ '' ကျွန်တော်က ကလေးမဟုတ်ဘူး။ ဒီလိုမျိုး မနှစ်သိမ့်နဲ့။''

McDonnell အပြင်ကို ရောက်တော့ အထဲက နှစ်ယောက် ပြူးပြူးကပ်ကပ် ကစားနေတာကို မြင်လိုက်သည်။ တံခါးပိတ်ပြီးသွားတော့ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ မနေ့က jing yang ကို အပြစ်မပြောခဲ့တာ သူစိတ်ထဲ ဝမ်းသာနေတယ်။ jing yang မှာ အပြစ်ပြောစရာ တစ်ချက်မှ မရှိတာ။

McDonnell က ဘဝင်မြင့်ပြီး ဘယ်သူ့ကိုမဆို အာခံရဲတာက သူ့နောက်မှာ Regulus ရှိနေလို့ဖြစ်သည်။ Arthur Yang နဲ့ Regulus က ဒီလို ဆက်ဆံရေးမျိုးရှိမယ်လို့ မထင်ထားဘူး။ ဟူး....တော်တော် အန္တရာယ်များတာပဲ။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now