1.10

17.9K 1.9K 64
                                    

" Boss ဒီမှာ ပန်းစည်း​တွေထပ်​​ရောက်​လာပြီ။" စားပွဲထိုးက နှင်းဆီပန်းအဖြူ​တွေနဲ့ ပန်းစည်းကြီးကို jing yang နား​နေခန်းထဲကိုယူလာသည်​။

Jing yang ပန်းစည်းထဲက ကဒ်​ကို ဖွင့်​ကြည့်​လိုက်ပြီးပြုံးလိုက်​သည်​။ ZBC က ​နှင်းဆီပန်း၉၉ပွင့်​နှင့်​အတူ ရည်းစားစာတို​လေး​တွေကို ​နေ့တိုင်းပို့ကာ ပွင့်​ပွင့်​လင်းလင်း jing yang ကို ပိုးပန်းသည်​။

ထောင်​​ပေါင်းများစွာ ဝင်​စားဖူး​ပေမယ့်​ ဘယ်​​တော့မှမချစ်​ဖူးဘူး။ ​ယောကျာ်း​ရော မိန်းမ​ရောလိုက်​လံပိုးပန်းတာကိုကြုံဖူး​ပေမယ့်​ သူလုံးဝမနှစ်​မြို့ဘူး။

ZBC ရဲ့လိုက်​လံပိုးပန်းမှုကို​တော့ စိတ်​မပျက်​ဘူး။ဘယ်​​တော့မှမချစ်​ဖူး​သော​ကြောင့်​ ZBC အ​ပေါ်ထားတဲ့သူ့ခံစားချက်​က အချစ်​ဟုတ်​မဟုတ်​ မ​သေချာ​ပေ။ ဒါ​ပေမဲ့ စိတ်​ရှုပ်​​ထွေး​မ​နေဘဲ သူ့နှလုံးသားက ဆုံးဖြတ်​ချက်​အတိုင်းဘဲ လိုက်​နာသွားမယ်​။

ကမ္ဘာ​ပေါင်းများစွာ တစ်​​ယောက်​တည်း​နေလာတာကြာ​တော့ ချစ်​တဲ့သူနဲ့အတူ တစ်​သက်​လုံး​နေသွားချင်​သည့်​ ခံစားချက်​ကို ​တွေ့ကြုံချင်​သည်​။

သတင်း​ထောက်​​တွေက Jing yang ဘာအမှန်​​တရား​တွေ​ပြောမလဲဆိုတာ သိချင်​ကြ​ပေမယ့်​ jing yang ဘာမှမ​ပြောဘဲ ZJM အဓိပ္ပာယ်​မရှိတဲ့ စကား​တွေပို​ပြီးပြောလာတာကို ​စောင့်​ကြည့်​​နေသည်​။အွန်​​လိုင်း​ပေါ်က ရန်​ဖြစ်​မှုများပိုမိုများပြားလာသည်​။ ZJM တရားမဝင်​သားဖြစ်​တဲ့အ​ကြောင်းကို ပြန်​အစ​ဖော်​​ပြောကြသည်​။

~~" တရားမဝင်​သားဖြစ်​ရတာ ZJM အမှားလား။သူတို့​မွေးဖွားလာမှုကို ​ရွေးချယ်​ခွင့်​ရတယ်​ဆိုတဲ့လူ ဘယ်​သူမှမရှိဘူး။"

~~"တရားမဝင်​သားဖြစ်​ရတာ ZJM အမှားမဟုတ်​​ပေမယ့်​ သူ့မိဘ​တွေအမှား​လေ။ သူ့အ​မေက ZJL ရဲ့ မယားကြီးကို သတ်​​သေ​အောင်​ တွန်းအား​ပေးခဲ့တာ​လေ။ ZJM က​ပြော​သေးတယ်​ LXX ကသူ့ကို​ကောင်း​ကောင်းမဆက်​ဆံဘူးတဲ့။ ဘာလဲ LXX က သူ့​ယောကျာ်းမယားငယ်​က​မွေးတဲ့သားကို သူ့သားအရင်းလို ဂရုစိုက်​ရဦးမှာလား။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now