1.7

17.6K 1.9K 107
                                    

"မစ္စတာ Zhao ကျွန်​​တော်​ကို ​တွေ့ချင်​လို့ဆို"

" ကျွန်​​​တော်​ မ​ကျေနပ်​တာတစ်​ခုရှိတယ်​။"Zhao bocheng က ​ရေ​နွေးကရားအိုးကို မလိုက်​ပြီး သူ့ခွက်​ထဲနဲ့ Jing yang ခွက်​ထဲကိုငှဲ့ထည့်​လိုက်​သည်​။

" ​မကျေနပ်​တာ?"Jing yang မျက်​နှာချင်းဆိုင်​ကခုံမှာ ဝင်​ထိုင်​လိုက်​သည်​။ "​​ကျေးဇူးပြုပြီး ပြောပါ"

"ဖွင့်​ပွဲ​နေ့ကလွဲလို့ လာစားတဲ့အချိန်​တိုင်းမှာ ဟင်း​တွေက မင်းကိုယ်​တိုင်​ချက်​တာ မဟုတ်​ဘူးထင်​တယ်​။"

Jing yang စိတ်​ထဲမှာ အံ့သြသွားသည်​။ သူကိုယ်​တိုင်​ချက်​တာမဟုတ်​ဘူးဆိုတာကို အရသာခံစားမိတယ်​​ပေါ့။jing yang အတွက်​ တခြားစားဖိုမှူး​တွေလို မီးဖို​ချောင်​ထဲမှာ တ​နေကုန်​​နေပြီး ဟင်းချက်​ဖို့ဆိုတာ မဖြစ်​နိုင်​ဘူး။ဒါ​ပေမဲ့ ဟင်း​တွေကို သူကိုယ်​တိုင်​စစ်​​ဆေးပြီး ဦး​လေး Guo နဲ့ ဦး​လေး Wang ကျွမ်းကျင်​တဲ့အထိ ​စောင့်​ကြပ်​​ပေးခဲ့သည်​။ဟင်း​တွေရဲ့ အရသာက သူနဲ့ ၁၀၀ရာခိုင်​နှုန်းမတူနိုင်​​ပေမယ့်​ ၇၀ ၈၀ရာခိုင်​နှုန်းထိ​တော့တူတယ်​။

" ကျွန်​​တော့်​မှာ လုပ်​စရာကိစ္စအများကြီးရှိတာ​ကြောင့်​ အမြဲတမ်း​တော့ ချက်​ပြုတ်​လို့မရပါဘူး။ ဒီဟင်း​တွေက တခြားစားဖိုမှူး​တွေချက်​ထားတာပါ စားရတာ မ​ကျေနပ်​လို့လား။"

" မ​ကျေနပ်​ဘူး ငါက​တော့မင်းအတွက်​ အများကြီး ကူညီပြီး​ပေးထားတာ။ မင်းက​တော့ တခြားစားဖိုမှူး​တွေရဲ့ ဟင်း​တွေပဲ ချ​ပေး​တော့ ဘယ်​​ကျေနပ်​မလဲ။?" zhao bocheng က သူ့ကို အပြုံးမဟုတ်​တဲ့ အပြုံးနဲ့ကြည့်​သည်​။အရင်​တုန်းက ဒီကို သူငယ်​ချင်း​တွေနဲ့လာ​ပေမယ့်​ ဟင်း​တွေက LJY ကိုယ်​တိုင်​ချက်​တာမဟုတ်​ဘူးလို့ သိ​ပေမယ့်​ ဘာမှမ​ပြောဘူး။

"ဒီ​နေ့ မစ္စတာ Zhao ဘာဟင်းစားမလဲ။ကျွန်​​တော်​ကိုယ်​တိုင်​ချက်​​ကျွေးပြီး ​တောင်းပန်​ပါမယ်​။" ဒီ zhao မိသားစုကလူ​တွေက ကိုယ့်​ကိုကိုယ်​ အထင်​ကြီးလွန်းတယ်​။ ဒါ​ပေမဲ့ jing yang အမှားမလုပ်​ရဲဘူး။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now