Jing yang က system ကို သုံးပြီး Easy Nobility ရဲ့ အကြောင်းကို စုံစမ်းလိုက်သည်။ Easy Nobility ရဲ့ နံမည်ရင်းက Yu jian ဖြစ်ပြီး Ding Nuoyang နဲ့ Zhao Chao တို့နဲ့ ကျောင်းအတူတူဖြစ်သည်။
ဒီလူက zhao chao ကို တက္ကသိုလ်မှာကတည်းက ကြိတ်ကြိုက်နေပြီး တကယ်တမ်း ဖွင့်ဟမပြောရဲပဲ နောက်ကနေ တိတ်တခိုးလိုက်ချောင်းနေသူ တစ်ဦးဖြစ်သည်။
Zhao Chao ကတော့ ဒီလူရဲ့တည်ရှိမှုကိုတောင်မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ yu jian ရဲ့ မျက်နှာက သာမန်ဖြစ်လွန်းလို့ဖြစ်သည်။ သူ့ရုပ်ကို ၁၀ခါ မြင်ရင်တောင်မှ တစ်ခါတောင်မမှတ်မိနိုင်တဲ့ ရုပ်မျိုးဖြစ်သည်။
တက္ကသိုလ်မှာ yu jian က တစ်သီးတစ်ခြားနေပြီး သူငယ်ချင်း အပေါင်းအသင်းမရှိတာကြောင့် သူ zhao chao ကို ကြိုက်တယ်ဆိုတာ ဘယ်သူမှမသိပေ။ zhao chao က အားကစားတော်ပြီး ရုပ်ချောတာကြောင့် လူသိများပြီး သူ Ding Nuoyang ကို လိုက်နေမှန်းလည်း အားလုံးက သိကြသည်။
yu jian က Ding Nuoyang ကို လုံးဝမနာလိုနေသည်။ Ding Nuoyang ရဲ့ လှပတဲ့ရုပ်လေးရှိတာကို မနာလိုသည်။ Ding Nuoyang ဆီမှာ မိသားစုကောင်းရှိတာကို မနာလိုသည်။ Ding Nuoyang က zhao chao နဲ့ တခြားလူတွေကြိုက်ချင်းခံရတာကို မနာလိုသည်။ သူသာ Ding Nuoyang လို ရုပ်ရည်မျိုးသာရှိရင် တခြားလူတွေလိုက်တာ ခံရပြီး နေရောင်ထဲမှာနေနိုင်မှာ။ အခုလို အမှောင်ထဲရပ်ပြီး တိတ်တဆိတ်ချောင်းနေရတဲ့ ဘဝမျိုးမှာ နေရမှာ မဟုတ်ဘူး။
မှန်ထဲကြည့်လိုက်တဲ့ အခါတိုင်း သူ့ရုပ်ကို အရမ်းစက်ဆုပ်ရွံရှာသည်။ သူသာ Zhao Chao ကို ဖွင့်ဟဝန်ခံမယ်ဆိုရင် ဒီလိုရုပ်မျိုးနဲ့ ဘယ်တော့မှ မအောင်မြင်မှာမှန်း သိသည်။ ဒီနိုင်ငံမှာ ပလတ်စတစ်ဆာရီဂျင်လုပ်တာကို တားမြစ်ထားသည်။ ရုပ်ပျက်ဆီးသွားတဲ့သူတွေအတွက်ကြတော့ ခွင့်ပြုပေးထားသည်။ ပလတ်စတစ်ဆာရီဂျင် လုပ်တာကလည်း ငွေကြေးအများကြီး ကုန်ကျတာကြောင့် သူဘယ်တော့မှ မတတ်နိုင်ပေ။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...