4.11

14.2K 1.8K 24
                                    

Jing yang က Odyssey မြို့မှာ နံ​မည်​ကြီးသွားပြီး ဖိတ်​စာ​တွေက Mooney မိသားစုအိမ်​ကို နှင်းကျသလို ​ရောက်​လာသည်​။ လူအများစုက jing yang သိပ်​ပြီး မ​ကျော်​ကြား​သေးခင်​မှာ သူတို့အိမ်​ကိုဖိတ်​ပြီး စန္ဒယားတီး​စေချင်​ကြသည်​။ လူ​တွေထင်​ကြတာက jing yang ကို အခုချိန်​မှာ ဖိတ်​ရင်​ ​ကြေးသိပ်​မမြင့်​​လောက်​ဘူးလို့ ထင်​ကြသည်​။

ဖိတ်​စာ​တွေကို လက်​ခံရရှိထားတဲ့ Mooney လင်​မယားက တုန်​လှုပ်​​နေကြသည်​။ သူတို့ Mooney ထက်​​တောင်​ ပိုပြီး ဂုဏ်​သိက္ခာရှိတဲ့ တစ်​ချို့မိသားစုရဲ့ ဖိတ်​စာ​တွေကို ကြည့်​ပြီး ဟိုဘက်​အိမ်​က Avi ကို သွားပြီး စန္ဒယားတီးခိုင်းဖို့ ဘယ်​လိုသွား​ခေါ်ရမလဲ မသိဖြစ်​​နေကြသည်​။

Faith က Corrica နဲ့ အတူ ပန်းခြံထဲမှာ စန္ဒယားတီး​နေတာကို အ​ဖော်​ပြုပေး​နေသည်​။ Faith ရဲ့ စိတ်​က တခြား​တွေး​တောကာ ပျံ့လွင့်​​နေသည်​။ ဟို​နေ့က Avi စန္ဒယားတီး​နေတာကို ကြည့်​ပြီး ကြီးမားစွာ ​တုန်​လှုပ်​​နေကာ အခုထိ စိတ်​မငြိမ်​​သေး​ပေ။ ဒီလို ပုံစံနဲ့ Avi က ​တော်​ဝင်​ဆန်​ကာ မ​လေးမစားမလုပ်​ရဲဘဲ ဒီတိုင်း​မျှော်​ကြည့်​​နေရသလို ခံစားရသည်​။

" Faith Faith" Corrica က စန္ဒယားတီးပြီးသွား​တော့ ခါတိုင်းလို ချီးကျူးသံ လက်​ခုပ်​သံ မကြားရ​တာ​ကြောင့်​ Faith ကို ​ခေါ်သည်​။ Faith ကို ကြည့်​လိုက်​​တော့ Faith က ဘာ​တွေ​တွေး​နေလဲမသိ ငိုင်​​နေသည်​။

" ဘာဖြစ်​လို့လဲ။" Faith က အ​တွေးထဲက​နေ နိုးလာပြီး Corrica ကို ကြည့်​သည်​။

" စန္ဒယားတီးပြီးသွားပြီ​လေ။"

" အိုး ဒါဆိုသွားနား​တော့​လေ။ ငါ လုပ်​စရာရှိတာ ခုမှသတိရလို့ အ​ပေါ်ထပ်​ သွားဦးမယ်​။" Faith က Corrica ကို တစ်​ချက်​မှ လှည့်​မကြည့်​ဘဲ ထွက်​သွားသည်​။

Corrica က Faith ရဲ့ ​နောက်​​ကျောကို ကြည့်​​နေပြီး သူ့နှလုံးသားက ခါးသီး​နေသည်​။ သူတို့ ၂​ယောက်​ရဲ့ ခံစားချက်​က တဖြည်းဖြည်း ပြိုလဲလာသည်​။

ဒီတစ်​ခါ​တော့ Susan က Faith ကို Deere အိမ်​ဆီသွားကာ Avi ကို သွား​ခေါ်ရန်​ ​ပြော​တော့ Faith က တုန့့်​ဆိုင်းမ​နေဘဲ ချက်​ချင်းသ​​ဘောတူသည်​။ Susan က သူမသား Avi ကို မဆန့်​ကျင်​​တော့တာလဲ ​တွေ့​ရော ​ပျော်​​နေသည်​။ Faith ကသာ ပူး​ပေါင်းမယ်​ဆိုရင်​ Avi လည်း စိတ်​​ပြောင်းသွားပြီး အရာအားလုံး ​ကောင်းလာလိမ့်​မယ်​။ Mooney မိသားစု အ​ခြေအ​နေလည်း ပို​ကောင်းလာ​တော့မယ်​။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now