7.6

9.6K 1.6K 45
                                    

ကားတံခါးမှန်ကို လာခေါက်တဲ့အသံကြောင့် jing yang မျက်လုံးဖွင့်ပြီး အပြင်ကို ကြည့်လိုက်တော့ သူ ဖြစ်နေသည်။

ဒီလိုကားမျိုးဝယ်နိုင်ပြီး သူ့နောက် တောက်လျှောက် လိုက်လာနိုင်တဲ့သူကို စဥ်းစားနေမိသည်။ သူ့ကို သိတဲ့သူတွေထဲမှာ ဒီလိုကားမျိုးဝယ်နိုင်တဲ့သူ သိပ်မရှိပေ။ သူက ကားမောင်းတော့ ပြတင်းပေါက်မှန် မပိတ်ပဲမောင်းတော့ ထိုလူက သူ့ကို မြင်ပြီး လိုက်လာခြင်းဖြစ်သည်။ မစ္စတာ Fernelea ကလွဲလို့ ဘယ်သူဖြစ်နိုင်မလဲ။

Jing yang က ပြတင်းပေါက်မှန်ချပြီး မေးလိုက်သည်။ '' ကျွန်တော့်နောက်ကို တောက်လျှောက် လိုက်လာတာ ဘာကိစ္စရှိလို့လဲ မစ္စတာ Fernelea''

Regulus က ကားအမိုးပေါ် လက်တင်ပြီး ''မင်းအိမ်ကို လာပြီး စကားပြောမလို့။ မင်းက ကားမောင်းထွက်သွားတော့ နောက်ကနေ လိုက်လာတာ။''

Jing yang သူ့မျက်နှာကို ကြည့်လိုက်နေတော့ လိမ်နေတဲ့ ပုံမပေါ်ပေ။ Regulus က ဘေးထိုင်ခုံ တံခါးကို ဖွင့်ပြီး ဝင်ထိုင်လိုက်သည်။

Regulus က jing yang ရဲ့ သတိအနေအထားရှိတဲ့ မျက်နှာကို ကြည့်ရင် မေးလိုက်သည်။ '' မင်းကြည့်ရတာ ကိုယ့်ကို သတိထားနေတဲ့ပုံပဲ။''

" ခင်ဗျားမှာ ကျွန်တော်နဲ့ ပတ်သက်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ထင်တယ်။'' jing yang က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

Regulus က ပြုံးလိုက်ပြီး လေးနက်စွာကြည့်လိုက်သည်။ '' ကိုယ့်မှာ ရည်ရွယ်ချက်တွေ ရှိပေမယ့် မင်းလက်မခံနိုင်တာကိုတော့ ဖိအားမပေးပါဘူး။''

"ဒါဆို ကျွန်တော့်ကိုဘာလို့ အိမ်မှာလာရှာတာလဲ။ ဘာလို့ ကျွန်တော့်နောက် လိုက်လာတာလဲ။''

Regulus က လှပတဲ့ ဖိတ်စာကို ထုတ်ပြီး jing yang ကို ပေးလိုက်သည်။

Jing yang က ဖိတ်စာယူပြီး ဖွင့်ဖတ်လိုက်သည်။ '' Fernelea  group ရဲ့ တစ်သက်တာ မော်ဒယ်ရွေးချယ်တဲ့ ပြိုင်ပွဲ''

ဖိတ်စာထဲမှာ Arthur Yang နံမည်ကို ထည့်ရိုက်ထားသည်။ jing yang က ဖိတ်စာကို တစ်လှည့် Regulus ကို တစ်လှည့်ကြည့်ပြီး '' Fernelea group က တစ်သက်တာ မော်ဒယ် ရွေးချယ်မယ်။ ဘာဖြစ်လို့လဲ။''

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now