7.2

8.6K 1.4K 27
                                    

ပထမဆုံး jing yang လုပ်ရမှာက ဝိတ်လျော့ဖို့ပဲ။ ဝိတ်လျော့ဖို့တင်မကဘူး ပြီးပြည့်စုံနေရမယ်။ ဒါက jing yang အတွက် မခက်ပါဘူး။ system ကနေ ချမှတ်ထားတဲ့ လေ့ကျင့်ခန်းကို တစ်လလောက်လုပ်လိုက်တာနဲ့ ရပြီ။

Arthur က အိမ်ထဲနေ အပြင်ကို မထွက်တာ သုံးနှစ်လောက်ကြာပြီ။ ဒါပေမဲ့ ဒီကမ္ဘာရဲ့ နည်းပညာတွေက ဖွံ့ဖြိုးလွန်းတော့ အပြင်မထွက်ရင်တောင် နေလို့ရတယ်။

လွန်ခဲ့တဲ့ ရက်အနည်းက သူအပြင်ထွက်နေတဲ့ပုံကို ရိုက်မိတဲ့ ဓာတ်ပုံတွေ ပေါ်လာတယ်။ သူမှ သုံးနှစ်လုံး အပြင်မှ မထွက်တာ ဘာလို့ဓာတ်ပုံက ပေါ်လာတာလဲ။ ဒီခေတ်မှာ အသစ်အသစ်တွေ ပေါ်လာတော့ သုံးနှစ်ကြာပြီးနောက် Arthur ဆိုတဲ့ တည်ရှိမှုက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး လူတွေက မေ့ပျောက်စပြုလာသည်။ အရင်က ဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ။ ဒါဆို ဘာလို့ သတင်းထောက်က သုံးနှစ်ကြာပြီးမှ သူ့ကို ဓာတ်ပုံရိုက်ရတာလဲ။

ဒါတွေအားလုံးက Dilumo ရဲ့ စေခိုင်းချက်တွေဖြစ်သည်။ Conley နဲ့ Dilumo က Arthur ကို ချောက်ထဲတွန်းချခဲ့တာ သုံးနှစ်တောင် ကြာခဲ့ပြီ။ ဒါကို ဘာလို့ Arthur ကို မလွှတ်ပေးသေးတာလဲ။ Arthur ကို အသုံးချပြီး Dilumo က သူ့ကိုယ်သူ hot ဖြစ်အောင် လုပ်ချင်နေတာ။ ဓာတ်ပုံထဲက လူက Arthur မဟုတ်ဘူး။ Arthur ရဲ့ လက်ရှိခန္ဓာကိုယ်နဲ့ ဆင်တဲ့သူဖြစ်သည်။

Dilumo က Arthur ရဲ့ အိမ်နားမှာ စောင့်ကြည့်ဖို့ လူတွေ လွှတ်ထားသည်။ ဒါပေမဲ့ Arthur က အပြင်မထွက်တော့ ဘာသတင်းမှ မရပေ။ ဟိုတလောက ချောပို့သမားတစ်ယောက်က ပစ္စည်းထားပြီး ခြံတံခါးပိတ်ဖို့ မေ့သွားသည်။ အဲ့မှာ Arthur က အပြင်ထွက်ပြီး ပစ္စည်းယူတော့ Arthur ရဲ့ နောက်ကျောပုံကို ဓာတ်ပုံရိုက်မိသွားသည်။ ဒါပေမဲ့ ထိုဓာတ်ပုံနဲ့ သတင်းမဖြစ်ပေ။

သတင်းထောက်က Dilumo ကို Arthur ရဲ့ ခန္ဓာကိုယ်ကို ခန့်မှန်းပြောဆိုလိုက်သည်။ အဲ့မှာ Dilumo က Arthur နဲ့ အနီးစပ်ဆုံးတူတဲ လူတစ်ယောက်ကို ရှာပြီး သတင်းလွှင့်လိုက်သည်။ Arthur က ထွက်ပြီး မဖြေရှင်းရဲဘူးဆိုတာ Dilumo သိတယ်လေ။

Dilumo က အခုကျော်ကြားနေပြီး နံမည်ကြီး brand ကုမ္ပဏီတွေနဲ့တောင် လက်တွဲအလုပ်လုပ်နေပြီဖြစ်သည်။ Arthur ရဲ့ ပုံပျက်နေတဲ့ပုံနဲ့ Dilumo ရဲ့ ဆုယူနေတဲ့ပုံကို တွဲတင်ပြီး လွန်ခဲ့တဲ့ သုံးနှစ်က ကိစ္စတွေကို ပြန်ဖော်လိုက်သည်။ Dilumo ကို ချီးကျူးသံတွေနဲ့ Arthur ကို ပုတ်ခက်ပြောဆိုမှုတွေက Dilumo ကို hot ဖြစ်နေစေပြီး အလုပ်များများ ရရှိခဲ့သည်။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now