Jing yang မျက်လုံး၂လုံးပွင့်လာတော့ သူ့ခန္ဓာကိုယ်က ကိုက်ခဲနေတာကို တွေ့လိုက်ရသည်။ ဒီခန္ဓာပိုင်ရှင်က ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ထားတာနေမှာ။
Jing yang ထထိုင်လိုက်ပြီး အခန်းကိုကြည့်လိုက်တော့ ခေတ်လွန်နေတဲ့ အပြင်အဆင်ဖြစ်နေသည်။ သူအနာဂတ်သိပ္ပံခေတ်ကို ရောက်နေတာလား ခန္ဓာပိုင်ရှင်ကပဲ နည်းပညာတွေကို ကြိုက်နှစ်သက်လွန်းသူလား။
သူ့လက်မောင်းက ကြွက်သားတွေကို ဆွဲဆိတ်ကြည့်ပြီး ပြန်လှဲကာ Systemကို လှုံ့ဆော်လိုက်သည်။ အရင်ဆုံးနာကျင်နေတဲ့ခန္ဓာကိုယ်ကို ပြန်ပြင်လိုက်သည်။
System ကနေ မှတ်ဉာဏ်တွေရလာတော့ ဒီကမ္ဘာက ကြယ်စင်တွေခေတ်ကို ရောက်နေမှန်းသိလိုက်ရသည်။
စကြဝဠာမှာ အာကာသစွမ်းအင်တွေပိုင်ဆိုင်တဲ့ Fu Luo Wei အင်ပါယာခေတ်ကိုရောက်နေတာဖြစ်သည်။ ဒီခေတ်ရဲ့သိပ္ပံနဲ့ နည်းပညာက နှစ်၁ထောင်ကြာအောင်တိုးတက်နေတာဖြစ်သည်။ သာမန်နေ့စဉ်ဓူဝလှုပ်ရှားမှုများမှာတောင် မြင့်မားတဲ့ နည်းပညာတွေသုံးလာကြသည်။
ဒီနည်းပညာတွေအကူအညီနဲ့ လူတွေကကိုယ်တိုင်တောင်လုပ်စရာမလိုပဲ အလုပ်တွေပြီးမြောက်ကြသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်မှာ လူတွေက ဒီအရာတွေကို ငြီးငွေ့လာကြသည်။ ငြီးငွေ့တယ်ဆိုတာက နည်းပညာတွေကို အသုံးပြုပြီး အလုပ်လုပ်တာကို လူတွေက အသုံးမကျဘူးလို့ထင်လာကြသည်။
နည်းပညာတွေကို အသုံးမပြုဘဲ ကိုယ်အားကို ကိုးကာ လုပ်ဆောင်လာမှုတွေက ရေပန်းစားလာသည်။ ဒါကြောင့် DIY live ကိုယ်တိုင်လုပ်ဆောင်သူ လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းမှုအသစ်ပေါ်ထွက်လာသည်။ ပိုပြီးရေပန်းစားတာကတော့ DIY star network internet celebrity လို့ခေါ်သည်။
ကိုယ်တိုင်လုပ်ဆောင်ခြင်းဆိုတာက ဟင်းချက်တာ၊ အရည်အချင်းပြပွဲတွေ၊ ခရီးသွားတာတွေ စသဖြင့် အမျိုးအစားကွဲပြားပြီး ဒါတွေကို သာမန်ကိုယ်တိုင်လုပ်ဆောင်မှုတွေလို့ခေါ်သည်။ တမူထူးခြားတဲ့ ကိုယ်တိုင်လုပ်ဆောင်မှုတွေလည်းရှိပြီး ဥပမာ ပြင်းထန်တဲ့ အားကစားတွေလုပ်ခြင်း၊ တောတွင်းမှာရှင်သန်နေထိုင်ခြင်း၊ တောင်တက်ခြင်း၊ ပင်လယ်ထဲရေငုပ်ပြီး ငါးဖမ်းခြင်း စသဖြင့်ပါဝင်သည်။
YOU ARE READING
အရံဇာတ်ကောင်၏လှည့်ဖြားခြင်း system
Fantasyကမ္ဘ္ဘာ္ဘပေါင်းများစွာရဲ့ အရံဇာတ်ကောင်အဖြစ် ဝင်စားဖို့တွန်းအားပေးခြင်းကို သူခံရတယ်။ သူဒါကိုလုံးဝဆန့်ကျင်တယ်။ အရံဇာတ်ကောင်ထက်စာရင် ဗီလိန်ဘဝက ပို၍သာလွန်ဦးမယ် အရံဇာတ်ကောင်ဆိုတာ ဇာတ်လိုက်ရဲ့ နင်းခံရတဲ့ ကျောက်တုံးဘဝသာသာပဲ။ သူ...