4.4

13.2K 1.7K 73
                                    

Corrica က ပြိုင်​ပွဲမစခင်​တိုင်း စိုးရိမ်​​နေတတ်​သည်​။ သူသာ ​​အောင်​မြင်​​အောင်​လုပ်​မှသာ Mooney မိသားစုက သူ့ကိုတန်​ဖိုးထားမယ်​ဆိုတာ သိတာ​ကြောင့်​ဖြစ်​သည်​။

ဒီတစ်​ခါ စာ​မေးပွဲက အရင်​ပြိုင်​ပွဲ​တွေထက်​ ပိုအ​ရေးကြီးတာ​ကြောင့်​ Corrica က အရင်​ကထက်​ ပိုစိုးရိမ်​​နေသည်​။ ငါမနက်​က​နေညထိ ​လေ့ကျင့်​ထားတာပဲ ငါကြိုးစား​လေ့ကျင့်​ထားတာပဲ ငါ​အောင်​မှာပါဆိုပြီး သူ့ကိုယ်​သူ ​ဖြေသိမ့်​​နေသည်​။

စာ​မေးပွဲခန်းထဲလည်း ဝင်​​ရော အခန်းထဲက ဆရာ ၁၀​ယောက်​​ရှေ့မှာ ရပ်​​နေရ​သော​ကြောင့်​ လက်​ဖဝါးက ​ချွေ​စေး​တွေ ထွက်​​နေပြီး နည်းနည်း​တောင်​ တုန်​​နေသည်​။ Hei Weixiu ကဆိုဖာ​ပေါ်မှာ ထိုင်​​နေတာလည်း မြင်​​ရော Corrica တစ်​​ယောက်​ အသက်​ရှုမမှန်​​တောင်​ဖြစ်​လာသည်​။

စန္ဒယား​ရှေ့မှာ ထိုင်​လိုက်​ပြီး လက်​က​ချွေး​တွေကို ​ဘောင်းဘီ သုတ်​လိုက်​သည်​။ ပြီး​တော့ စန္ဒယားကို စတင်​တီး​တော့သည်​။ သူ ဒီသီချင်းကို အချိန်​အ​တော်​ကြာ​အောင်​ ​လေ့ကျင့်​ထားတာ အခွင့်​အ​ရေးကို ရယူပြီး ပြီးပြည့်​စုံ​အောင်​တီးပြရမယ်​။ ကျရှုံးလို့​တော့မဖြစ်​ဘူး ဘာလို့လဲဆို​တော့ ​နောက်​ဆုတ်​ဖို့ လမ်းမရှိ​တော့ဘူး။

Mooney မိသားစုက သူ့အတွက်​ ဂုဏ်​ပြုပွဲကျင်းပ​ပေးထားတာ​ကြောင့်​ မမြင်​ရတဲ့ ဖိအား​တွေများ​နေသည်​။ အားလုံးက သူဝင်​ခွင့်​​အောင်​မြင်​ဟု ထင်​ထားကြပြီး တကယ်​လို့ သူသာ အမှားတစ်​ခုခုလုပ်​မိပြီး ဝင်​ခွင့်​မ​အောင်​ခဲ့ရင်​ Mooney မိသားစု မျက်​နှာ​ပျက်​​စေပြီး သူအရင်​က ကြိုးစားခဲ့ရသမျှ​တွေက သဲထဲ​ရေသွန်​ဖြစ်​သွားနိုင်​သည်​။

အစကတည်းက သူ့မှာ ပိုင်​ဆိုင်​တာ ဘာတစ်​ခုမှမရှိဘူး။ သူ့အရည်​အချင်းနဲ့ တိုက်​ပွဲဝင်​ပြီး ရယူထားတာ​တွေပင်​ဖြစ်​သည်​။ Mooney မိသားစုရဲ့ ဂရုစိုက်​မှု​တွေ Faith ရဲ့ အချစ်​​တွေကို တစ်​ခုချင်း ရယူခဲ့ခြင်းဖြစ်​သည်​။ သူ့ရဲ့ အပြုအမူ​တွေက စက်​ဆုပ်​ဖို့​ကောင်းတယ်​လို့ သိ​ပေမယ့်​လည်း သူလည်း ​ပျော်​ရွှင်​ချင်​တယ်​​လေ ဒါ​ကြောင့်​လုပ်​မှဖြစ်​မယ်​။ တကယ်​လို့ သူ​ကြောင့်​ သူများကို ထိခိုက်​​စေခဲ့မယ်​ဆိုရင်​လည်း ဂရုမစိုက်​ဘူး။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now