4.5

13.8K 1.8K 88
                                    

ဒီ​နေ့က Jing yang နဲ့ Corrica ရဲ့ ပထမဆုံး ​ကျောင်းသွားရမည်​ဖြစ်​သည်​။ ကား​ပေါ်မှာ Faith က Corrica ကို ​ဆေးယူဖို့မ​မေ့ဖို့ တစ်​ခုခုဖြစ်​ရင်​ ဖုန်းဆက်​ဖို့ ဒါမှမဟုတ်​ ​ကျောင်းက သူ့ရဲ့သူငယ်​ချင်းတွေကို သွားရှာဖို့ တဖွဖွမှာ​နေသည်​။

jing yang က လက်​​ပေါ်​မေးတင်​ပြီး ပြတင်း​ပေါက်​အပြင်​ကို ကြည့်​​နေသည်​။ ​ကျောင်းတက်​​နေတဲ့ ​နှစ်​​တွေမှာ ​နေ့တိုင်း သူတို့နဲ့ တစ်​ကားတည်းပဲ ထိုင်​လိုက်​ရမယ်​ဆိုရင်​​တော့ မဖြစ်​​သေးဘူး။ ကားလိုင်​စင်​ရ​အောင်​ယူပြီး ကိုယ်​ပိုင်​ကားနဲ့ ​ကျောင်းသွားရမယ်​။

Corrica က နှုတ်​ခမ်း​လေးတွန့်​ကာ ပြုံး​နေပြီး Faith မှာတာ​တွေကို ​ခေါင်းညိမ့်​​နေသည်​။ Corrica က jing yang ကို လှည့်​ကြည့်​ပြီး ထူးဆန်းတယ်​လို့ထင်​သည်​။ အရင်​တုန်းကဆို Faith က သူ့ကို အ​ရေး​ပေး​နေပြီဆိုရင်​ Avi က ​ဒေါသထွက်ပြီး ဝမ်းနည်း​နေတတ်​တယ်​။ အခုကြ​တော့ ဂရု​တောင်​မစိုက်​​တော့သလိုပဲ။ Avi တကယ်​ပဲ Faith ကို လက်​​လျော့လိုက်​ပြီလား။

Avi ကသာ Faith ကို သူနဲ့ပြိုင်​မလုဘူးဆိုရင်​​တော့ သူ့အတွက်​သတင်း​ကောင်းပဲ။ ဒါ​ပေမဲ့ Avi ကို ရှုံးရတာကို​တော့ ဒီတိုင်းထိုင်​​နေလို့မဖြစ်​ဘူး။ ပြီး​တော့ Avi က ပိုင်​ဆိုင်​မှု​တွေ အများကြီးရှိတာပဲ။ Mooney မိသားစုက သူ့ပိုငိဆိုင်​မှု​တွေကို လွှတ်​​ပေးမှာ မဟုတ်​ဘူး။

jing yang က ဂီတသင်​တန်း ၂ခုဖြစ်​တဲ့ ဂီတယဉ်​​ကျေးမှုနဲ့ ဂီတသမိုင်းကို သင်​ပြီး စာအုပ်​​တွေသိမ်းကာ Hei Weixiu ရဲ့လမ်းညွှန်​မှုသင်​တန်းကို သွား​တော့သည်​။

"Avi" Corrica က လွယ်​အိတ်​ကို အမြန်​လွယ်​ပြီး jing yang ​နောက်​ကို လိုက်​လာသည်​။ " မင်း လမ်းညွှန်​မှု သင်​တန်းကို သွား​တော့မလို့လား။"

" အင်း။" jing yang က ​နောက်​လှည့်​မရှိဘဲ ဆက်​သွားသည်​။

"​နေဦး Avi" Corrica က ဆက်​လိုက်​လာပြန်​သည်​။ " ငါ့ရဲ့ လမ်းညွှန်​မှု သင်​တန်းက ​နောက်​ ၃နာရီမှဆို​တော့ ငါအခု မင်းနဲ့လိုက်​လို့ရလား။"

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now