7.13

8.5K 1.4K 9
                                    

အလုပ်သမားတွေက Dilumo လိုချင်တဲ့ ကမ်းခြေမြင်ကွင်းကို ပြုလုပ်ပေးလိုက်သည်။ Dilumo က သူ့ကိုယ်သူ ကျွမ်းကျင်တဲ့သူတစ်ယောက်လို အပြစ်ရှာပြီး ပြောဆိုနေသည်။ အလုပ်သမားတွေကလည်း မျက်နှာသေနဲ့ သူပြောတာမှန်သမျှကို သည်းခံနားထောင်နေပြီး မျက်စောင်းထိုးချင်စိတ်ကို ဖိနှိမ်ထားကြသည်။

ရိုက်ကူးရေးစတော့ Dilumo က အဖြူရောင်သဲသောင်ပြင်ပေါ်မှာ ရေကူးဘောင်းဘီနဲ့ လျှောက်လာသည်။ သူက ဆံပင်ကို ကစားနေပြီး ကင်မရာဘက်မျက်နှာမူကာ သူ့ကိုယ်သူ ကြည့်လို့အကောင်းဆုံးလို့ ယူဆထားတဲ့ ပို့စ်ကို ပေးနေသည်။ သူပို့စ်ပေးတာ ပြဿနာ မရှိပေမယ့် သူတောင်းဆိုထားတဲ့ ကင်မရာရွေ့လျားမှုရဲ့ မြင်ကွင်းက ဒါရိုက်တာကို မျက်မှောင်ကျုံ့စေသည်။

ရိုက်ကူးရေးပြီးတော့ Dilumo က video ကို လာကြည့်သည်။ ကြည့်ပြီးတော့ ချက်ချင်းပြောသည်။ '' ဘာဖြစ်သွားတာလဲ။ ငါပြောသလိုကော ရိုက်ရဲ့လား။''

ဒါရိုက်တာက Dilumo ကို လျစ်လျူရှုထားသည်။ ဒါရိုက်တာ့ လက်ထောက်က '' မင်းပြောသလို ရိုက်ထားတာပဲလေ။''

" မဖြစ်နိုင်ဘူး။'' Dilumo က မကျေနပ်စွာပြောသည်။ '' ငါပြောသလို ရိုက်တာဆိုရင် မြင်ကွင်းက ဒီလိုဖြစ်နေမှာ မဟုတ်ဘူးလေ။ အခုတော့ ကြည့်ပါဦး။''

" ဒီလောက်တောင် ဖြစ်တာ။ မင်းဘာသာမင်း ရိုက်ပါလား။'' ဒါရိုက်တာက စိတ်မရဗည်စွာပြောသည်။ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့သူတွေ အမုန်းဆုံးပဲ။

" ငါရိုက်ရင် မင်းထက်ကောင်းမှာဘဲ။ ငါအရင်က ရိုက်တဲ့ကြော်ငြာတွေက ဒါရိုက်တာကို ငါညွှန်ကြားခဲ့တာတွေပဲ။ မင်းတို့မှာ အလုပ်သမားကျင့်ဝတ်တွေ မရှိဘူးလား။ ငါ့ဘာသာရိုက်လို့ မရဘူးဆိုတာသိရဲ့သားနဲ့ ငါကိုပြောလိုက်သေးတယ်။'' ဒီလို ရလဒ်မကောင်းတာကို Dilumo က ဒါရိုက်တာနဲ့ ရိုက်ကူးအဖွဲ့ကို အပြစ်ပုံချသည်။ ဒီလူတွေက သူ့ကို အမှတ်မြင့်မြင့်ပေးမှာ မဟုတ်မဲ့အတူတူ သူ့ပရိတ်သတ်တွေ ရင်ထဲမှာ သူက တော်နေရင် ရပြီ။

ရိုက်ကူးရေးအလုပ်သမားတွေက နောက်ဆုံးတော့ မျက်စောင်းထိုးတော့သည်။ အရှက်မရှိတဲ့လူတွေ မြင်ဖူးပါတယ်။ ဒီလူက အရှက်မရှိဆုံးပဲ။

အရံဇာတ်​​ကောင်​၏လှည့်​ဖြားခြင်း systemWhere stories live. Discover now